တောင်ကိုရီးယား ရဟတ်ယာဉ် ပင်လယ်ထဲ ပျက်ကျမှုဖြစ်ပြီး ရုပ်အလောင်း ၅ လောင်း တွေ့ရှိ

တောင်ကိုရီးယား ရဟတ်ယာဉ် ပင်လယ်ထဲ ပျက်ကျမှုဖြစ်ပြီး ရုပ်အလောင်း ၅ လောင်း တွေ့ရှိ

နိုဝင်ဘာ ၃ ။    ။ ပြီးခဲ့တဲ့ ရက်ပိုင်းက  တောင်ကိုရီးယား ရဟတ်ယာဉ်တစ်စင်း ဂျပန်နဲ့အငြင်းပွားနေတဲ့ ကျွန်းစုအနီး ပင်လယ်ပြင်ထဲ ပျက်ကျသွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပြီးနောက် ယခုအခါ ကယ်ဆယ်ရေးသမားတွေက နောက် ထပ် အလောင်းနှစ်လောင်းကို ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုဖြစ်ပြီးနောက် အစောပိုင်းတုန်းက အလောင်း သုံးလောင်းကို ရှာတွေ့ထားခဲ့ပြီဖြစ်ပါတယ်။ ယခု ထပ်မံ ရှာတွေ့တဲ့ အလောင်းနှစ်လောင်းကတော့ အဆိုပါ ရဟတ်ယာဉ်ပျက်ကျပြီး ပျောက်ဆုံးနေသူ လေးဦးအနက်က နှစ်ဦးဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

အဆိုပါ ပျက်ကျ ရဟတ်ယာဉ်ပေါ်မှာ စုစုပေါင်း လူခုနစ်ဦး ပါရှိသွားတယ်လို့ သိရပါတယ်။

ယင်းရဟတ်ယာဉ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် ညပိုင်းက ဂျပန်နဲ့ အငြင်းပွားနေတဲ့ ဒို့ခ်ဒိုကျွန်း (ဂျပန်အခေါ် တာကီရှီမာ ကျွန်း) မှာ ဒဏ်ရာရ ငါးဖမ်းသမားတစ်ဦးကို သွားရောက်ခေါ်ဆောင်ပြီးနောက် သိပ်မကြာခင် ပျက်ကျသွားခဲ့တာဖြစ်ပါတယ်။

ရဟတ်ယာဉ်က ကျွန်းပေါ်ကနေ ပြန်လည် ပြန်တက်ပြီးနောက် သိပ်မကြာခင်မှာပဲ ပင်လယ်ထဲ ထိုးကျသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပျောက်ဆုံံးနေဆဲ လူနှစ်ဦးကို တောင်ကိုရီးယားရေငုပ်သမားတွေ ဝိုင်းဝန်း ရှာဖွေနေလျက် ရှိတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly