သုံးသပ်ချက်အတုများရေးသားမှုဖြင့် လူပေါင်း ၁၁၁၄ယောက်ကို အမေဇုန်က တရားစွဲ

သုံးသပ်ချက်အတုများရေးသားမှုဖြင့် လူပေါင်း ၁၁၁၄ယောက်ကို အမေဇုန်က တရားစွဲ

နယူးယောက်၊ အောက်တိုဘာ - ၁၉ ။          ။ စာအုပ်ဝဘ်ဆိုက်ကြီး အမေဇုန်မှာ ၎င်း၏စတိုးနှင့်ပတ်သက်၍ သုံးသပ်ချက်အတုများ ရေးသားနေသည့် အုပ်စုကြီးများကိုသာ စုံစမ်းဖော်ထုတ်နေရုံနှင့် ကျေနပ်မနေဘဲ တစ်ဦးချင်းကိုလည်း လိုက်လံခြေရာခံလျှက်ရှိသည်။

အင်တာနက် လက်လီအရောင်းဆိုင်ကြီး အမေဇုန်က Fiverr’s ဈေးကွက်ကို အသုံးပြု၍ အမေဇုန်သုံးသပ်ချက်အတုများကို ရောင်းချနေသည့် လူပေါင်း ၁၁၄၄ယောက်ကို တရားစွဲဆိုခဲ့သည်။ အမှုစွဲချက်တွင် သုံးစွဲသူအမည် (user names)ဖြင့်သာ ဖော်ပြထားသော်လည်း အမေဇုန်အနေဖြင့် Fiverr၏ logs များမှ အမည်ရင်းကို ရလိုကြောင်းမှာ ထင်ရှားနေပါသည်။ ထို့အပြင် ကျင့်ဝတ်ဖောက်ဖျက်သည့် အရေး အသားအချို့ထက်ပိုသည့် အရာများလည်း ရှိနေရာ အမေဇုန်က ရောင်းချသူများ၏ ဖောက်သည်စာရင်းကိုလည်း ရလိုနေသည်။

Fiverrက ရှေးယခင်ကလည်း စီးနင်းမှုများကို ပူးပေါင်းဆောင်ရွက်ဖူးရာ အမေဇုန်အတွက် ပစ်မှတ်အချို့ကို စီးနင်းနိုင်မည့် အခွင့်အလမ်းတစ်ခုတော့ ရှိနေသည်။  ယခုနောက်ဆုံး ထုနှင့်ထည်နှင့် အတုလုပ် မှုများက အခါခပ်သိမ်း မှောင်ခိုအရာင်းအဝယ်များကို ထောက်လှမ်းတွေ့ရှိရန် မလွယ်ကူသည့် gig ဆိုက်များနှင့် ပတ်သက်၍ သုံးသပ်ချက်အတုများကို ဖုံးအုပ်ထားသည့် ပြဿနာများကို မီးမောင်းထိုးပြသကဲ့သို့ ပင်ဖြစ်သည်။ ဤစာရေးဆရာအတုများကို အခြားနေရာများသို့ နှင်ထုတ်နိုင်ရန် အချိန်အကြာကြီး ယူရဦးမည့်သဘောပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly