ပြင်သစ်နိုင်ငံ Calais မြို့ထဲ လှည့်လည်သွားလာခဲ့တဲ့ ဧရာမ စက်ရုပ်နဂါးကြီး

ပြင်သစ်နိုင်ငံ Calais မြို့ထဲ လှည့်လည်သွားလာခဲ့တဲ့ ဧရာမ စက်ရုပ်နဂါးကြီး

နိုဝင်ဘာ ၃။         ။ ပြင်သစ်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ Calais မြို့ထဲမှာတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်က ဧရာမ စက်ရုပ်နဂါးကြီးတစ်ကောင် လှည့်လည် သွားလာနေတာကို တွေ့မြင်ခဲ့ရမှာ ဖြစ်ပါတယ်။

မြို့တွင်း လမ်းမပေါ်မှာ မီးတောက်မီးလျှံတွေ ၊ အခိုးအငွေ့တွေ မှုတ်ထုတ်လျက် တရွေ့ရွေ့ သွားနေတဲ့ ယင်းစက်ရုပ်နဂါးကြီးကို ပရိသတ်တွေ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပါတယ်။

“Calais Dragon” လို့ ခေါ်တဲ့ အဆိုပါ အမြင့် ၁၀ မီတာ၊ အရှည် ၂၅ မီတာ ရှိ သံမဏိ နဂါး စက်ရုပ်ကြီးကိုတော့ ပြင်သစ် ဒီဇိုင်းလက်မှုအနုပညာရှင် Francois Delarziere က ဒီဇိုင်းထုတ်ဖန်တီးထားတာဖြစ်ပါတယ်။

အဆိုပါ စက်ရုပ်နဂါးကြီးကိုတော့ သုံးရက်တာ မြို့တွင်း ပြသမှုအဖြစ် Calais မြို့ထဲ လှည့်လည်ပြသနေခဲ့တာဖြစ်ပါတယ်။

ယင်းစက်ရုပ်ကြီးကိုတော့ မကြာမီ မြို့တွင်းမှာ အဓိက ခရီးသွား ဆွဲဆောင်မှုတစ်ခု ဖြစ်လာဖို့လည်း ရှိနေပါတယ်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly