အာဆီယံ ထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေ

အာဆီယံ ထိပ်သီးအစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေ

နိုဝင်ဘာ၃။               ။ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အုပ်စုရဲ့ (၃၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၂ ရက်က စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။

ယမန်နေ့က ဘန်ကောက်မြို့မှာ အဆိုပါ အာဆီယံအုပ်စု ခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဆက်လက်ပြီး ယင်းနေ့မှာပဲ ကျင်းပတဲ့ အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြုှပ်နှံမှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးမှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်  မိန့်ခွန်းစကားပြောကြားခဲ့ပါတယ်။

အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဆီယံနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်မှာလည်း အာဆီယံ ခေါင်းဆောင်တွေဟာ ဒုတိယနေ့အဖြစ် ဆက်လက်တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် ယခုအစည်းအဝေးမှာတော့ တရုတ် ကျောထောက်နောက်ခံပြု ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး စာချုပ်ကြီးတစ်ခုကို အပြီးသတ်ဆွေးနွေးပြီး ချုပ်ဆိုနိုင်ဖို့ကိုလည်း မျှော်လင့်လျက်ရှိပါတယ်။

 Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly