ဂျပန်ကစားသမား တိုခဲရှီကို အနိုင်ရရှိအောင် ပြင်ဆင်ထားသည်ဟု တူးတူး ကြုံးဝါး

ဂျပန်ကစားသမား တိုခဲရှီကို အနိုင်ရရှိအောင် ပြင်ဆင်ထားသည်ဟု တူးတူး ကြုံးဝါး
ဓာတ်ပုံ -ထွန်းထွန်းဝင်း

နိုဝင်ဘာလ ၂။            ။ AIR KBZ- 6 ရိုးရာလက်ဝှေ့ ရွှေအောင်လံလုပွဲတွင် ပြိုင်ဘက်ဂျပန်နိုင်ငံသား တိုခဲရှီကို အနိုင် ရရှိအောင် ကြိုးစားမည်ဟု ၂၀၁၅ ရွှေခါးပတ်ချန်ပီယံ တူးတူး က ကြုံးဝါးပြောဆိုခဲ့သည်။

" ဒီပွဲမှအကောင်းဆုံး အနိုင်ရရှိဖို့အတွက် အစွမ်းကုန်ကြိုးစား ပြီးယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော် ဒီပွဲအတွက် သူပြိုင်ခဲ့တဲ့ပွဲတွေကို ကြည့်ပြီးတော့ သူ့အားနည်ချက်တွေ ဘယ်လိုရှိတယ်။သူ့အားသာ ချက်တွေကို ဘယ်လို ပြန်တိုက်ခိုက်ရမယ်ဆိုတာတွေကို လေ့လာထားပြီး သေချာပြင်ဆင်ထား ပါတယ်။ပြင်ဆင်လေ့ကျင့်ချိန်ကတော့ နှစ်လလောက် ရခဲ့ပါတယ်။ ဒီပွဲမှာ အနိုင်ရလဒ်ရယူနိုင်အောင် အစွမ်းကုန် ကြိုးစားထိုးသတ်သွားမှဖြစ်ပါတယ် " ဟုဆီးဂိမ်းစ်နှင့်အာရှမွေရွှေတံဆိပ်ဆုရှင်၊ ၂၀၁၅ ရွှေခါးပတ်ချန်ပီယံ တူးတူး က မဇ္စျိမသတင်းဌာန ကိုပြောသည်။

အဆိုပါပြိုင်ပွဲတွင် အတန်း ၇ တန်း၊တွဲဆိုင်း ၇ ဆိုင်းပါဝင်ပြီး အမျိုးသမီးတွဲဆိုင်းအဖြစ် မြန်မာပြည် အမျိုးသမီးလက်ဝှေ့ချန်ပီယံ ဘရော်နီကာ နှင့် IMTF မွေထိုင်းရွှေခါးပတ်ရှင် မာရီယမ်(အီတလီ)တို့၏တွဲဆိုင်းလည်း ပါဝင်လျက်ရှိသည်။ ထို့အပြင် ၇၆ ကီလိုတန်းအဖြစ် ၂၀၁၅ ရွှေခါးပတ် ချန်ပီယံ အာရှမွေ ရွှေတံဆိပ်ရှင် တူးတူးမြန်မာနှင့် ဂျပန်နိုင်ငံသား ILFJ ရွှေခါးပတ်ပိုင်ရှင် တိုခဲရှီတို့၏ ပွဲစဉ်က အဓိက တွဲဆိုင်းအဖြစ် ပါဝင် လျက်ရှိသည်။

'' သူက ကိုယ့်ထက် အရပ်အမောင်နဲ့ ခြေတံလက်ဆန်တွေက သာတော့ ခွာထိုးရင် ကိုယ်ပဲ ခံရမှာ ဖြစ်တယ်။ ဒါကြောင့်သူကို လိုက်ဖိထိုးပြီးဟာကွက်တွေရှာပြီး ရလဒ်ကောင်းအောင်ထိုးသတ်သွားနိုင်ဖို့ သေချာပြင်ဆင်ထား ပါတယ်။ သူရဲ့ဟာကွက်ကိုလည်းကြည့်မယ်။ လိုက်တော့လိုက်ထိုးရမှာပဲ။ ကိုယ့်ကအရပ်ပိုပုတဲ့အတွက် လိုက်တော့လိုက်ထိုးမယ်။ ကိုယ့်တစ်လုံးထိုးလို့သူယိုင်သွားရင် အဲဒီအခွင့်အရေးက ကိုယ့်အခွင့်အရေးပဲ " ဟု အမျိုးသမီးလက်ဝှေ့ချန်ပီယံ ဘရော်နီကာ က ပြောသည်။

AIR KBZ- 6 ရိုးရာက်ဝှေ့ရွှေအောင်လံလုပွဲတွင် အခြားရွှေအောင်လံလုပွဲများအဖြစ် စိုးလင်းဦး နှင့် ရွှေရာမာဉ်၊ ရဲသွေးနီနှင့် အောင်ချင်းလေး၊ စောရွှေလေး နှင့် ချက်ဂါဖန်(ထိုင်း)၊ စောဒါဝိတ်နှင့် နိုင်ဝင်းထွန်းတို့၏ ပွဲစဉ်များနှင့် အတူ သိုင်းပြောင်းပြန်နှင့် ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ပွဲအဖြစ် မှော်ဘီဇာမဏီနှင့် စောနီကို (ဂျာမနီ)တို့ကလည်း ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်ေကြာင်း သိရသည်။

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂နာရီမှစတင်ကာ ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ မြန်မာ့ရိုးရာလက်ဝှေ့အားကစားပြိုင်ပွဲရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဝင်ကြေး များအဖြစ် ကျပ် ၁၀,၀၀၀ တန်း ၊ကျပ် ၂၀,၀၀၀ တန်း ၊ကျပ် ၃၀,၀၀၀ တန်း ၊ကျပ်၅၀,၀၀၀ တန်း တို့ သတ်မှတ်ထားကြောင်း သိရသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly