အဆိပ်လူးမြှားဖြင့်ပစ်သတ်ခံရမှုကြောင့် တောဆင်ရိုင်းတစ်ကောင် သေဆုံး

အဆိပ်လူးမြှားဖြင့်ပစ်သတ်ခံရမှုကြောင့် တောဆင်ရိုင်းတစ်ကောင် သေဆုံး
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ဘုတ်ပြင်း၊ နိုဝင်ဘာ ၁ ။     ။ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ဝါးဒင်း ကျေးရွာအနီးတွင်အောက်တိုဘာလ(၃၁)ရက်နေ့က တောဆင်ရိုင်းတစ်ကောင် အဆိပ်လူးမြှား ဖြင့် ပစ်သတ်ခံရပြီး သေဆုံးနေကြောင်း ယင်း မြို့၏ သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ တောဆင်းရိုင်းသည် ဝါးဒင်းကျေးရွာရှိ ယုဇနဆီအုန်းကုမ္ပဏီ စက်ရုံ၏ အနောက်ဘက် (၅) မိုင်ခန့် အကွာ၊ ဝါးဒင်းချောင်း အနောက်ဘက် ပေ (၈၀) တံတား အနီးတွင် သေဆုံးနေခြင်းဖြစ်ပြီး ဆင်၏ အရွယ်အစားမှာ အမြင့် (၁၀) ပေ၊ အလျား (၁၁) ပေ၊ လုံးပတ် (၁၈) ပေ၊ နှာမောင်း (၆) ပေ၊ အမြီး (၃) ပေရှိကြောင်း သိရသည်။

ထိုသို့သေဆုံးနေကြောင်းကို သစ်တောဦးစီးဌာနသို့ ဒေသခံများမှလာရောက် အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အဖွဲ့စုံဖြင့်သွားရောက် စစ်ဆေးစဉ် အဆိပ်လူးမြှားပစ်ခတ်ခံရကာ ဒဏ်ရာလေးချက်ဖြင့်သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

“တောဆင်ရိုင်းက ဆင်မုဆိုးကြောင့် သေဆုံးတာ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လိုလည်း ဆိုတော့ အဆပ်လူးမြှားနဲ့ ပစ်ထားတာ တွေ့ရတယ်၊ ဆင်သားရေလည်း ခွာယူထားတယ်”ဟု ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးတင့်က ပြောဆို သည်။

တောဆင်ရိုင်း သေဆုံးမှုနှင့် ပတ်သက်၍ ပြည်ကြီးမဏ္ဍိုင်မြို့ (နယ်မြေ) ရဲစခန်းတွင် (ပ) ၂၂/၂၀၁၉၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း‌ရေးနယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁ (က) အရ အမှုဖွင့်ထားပြီး တရားခံအား ရှာဖွေစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required