AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ ဖြစ်သူတို့ ဒုတိယအကြိမ်မြောက် ချုပ်ရမန်ရယူ

AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ ဖြစ်သူတို့ ဒုတိယအကြိမ်မြောက် ချုပ်ရမန်ရယူ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ နိုဝင်ဘာလ ၁ ။           ။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသော AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ ဖြစ်သူတို့ ဒုတိယအကြိမ်မြောက် ချုပ်ရမန် ရယူခဲ့ကြောင်း မရမ်းကုန်းမြို့နယ်တရားရုံးက သိရသည်။

AAစစ်ဦးစီးချုပ်၏ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖဖြစ်သူကိုကျော်နိုင်တို့ကို အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့်ဖမ်းဆီးစစ်ဆေးနေပြီး ရမန်ကြီးနှစ်ပတ် ပြည့်သော ကြောင့် နိုဝင်ဘာလ ၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံး၌ ဒုတိယအကြိမ်ချုပ်ရက်ရမန် ရယူကာ အင်းစိန်အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့မှ ပြန်လာသော AA စစ်ဦးစီးချုပ်၏ယောက်ဖဖြစ်သူ ကိုကျော်နိုင်နှင့်အတူ ၎င်းအားလာကြိုသည့် AA စစ်ဦးစီးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူ၊ သုံးနှစ်အရွယ် သမီးတို့ကို အောက်တိုဘာလ ၁၉ ရက်၊  နေ့လယ် ၂ နာရီခန့်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို လာမည့် နိုဝင်ဘာလ ၁၅ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly