ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သားများအပေါ်ချမှတ်ခဲ့သောပြစ်ဒဏ်များအတွက် ဆွီဒင်သံရုံး အလွန်အမင်းစိုးရိမ်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သားများအပေါ်ချမှတ်ခဲ့သောပြစ်ဒဏ်များအတွက် ဆွီဒင်သံရုံး အလွန်အမင်းစိုးရိမ်
 ဓာတ်ပုံ - သူရ(မဇ္ဈိမ)

အောက်တိုဘာ ၃၁။         ။ ရန်ကုန်၊အောက်တိုဘာ ၃၁မဇ္စျိမဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သားများအပေါ် အောက်တိုဘာလ ၃၀ရက်နေ့က ချမှတ်ခဲ့သည့်ပြစ်ဒဏ်များနှင့် ပတ်သက်၍ဆွီဒင်သံရုံးအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း သဘောထားထုတ်ပြန်ချက်တစ်စောင်ကိုအဆိုပါသံရုံးက ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ၃၁ ရက်တွင်ထုတ်ပြန်ခဲ့သော အဆိုပါသဘောထားထုတ်ပြန်ချက်တွင် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သား(၅) ဦးအား ယမန်နေ့က ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ဆွီဒင်သံရုံးအနေဖြင့်အလွန် အမင်း စိုးရိမ်ပူပန်မိပါကြောင်း ဖော်ပြထားသည်။ထို့အပြင်ရိုးရာအစဉ်အလာ အနုပညာတင်ဆက်မှုတစ်ခုဖြစ်သော သံချပ်ဖြင့် ကပြဖျော်ဖြေရာတွင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သားများသည် တပ်မတော် ယူနီဖောင်း အတုများဝတ်ဆင်၍ စစ်တပ်အား သရော်မှုများဖြင့်တင်ဆက် သရုပ်ဆောင်ခဲ့ကြကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီစနစ်များ၏အခြေခံ အုတ်မြစ်ပင် ဖြစ်ကြောင်း ပြည်သူများအနေဖြင့် မိမိတို့၏ စိတ်ကူးစိတ်သန်းများနှင့်ထင်မြင်ယူဆချက်များကို လွတ်လွတ် လပ်လပ် ထုတ်ဖော်ဆွေးနွေးခြင်း၊ ဝေမျှခြင်းတို့ ပြုနိုင်မှသာလျှင်စစ်မှန်သော ဒီမိုကရေစီစနစ်များ အဓွန့်ရှည် လာနိုင်မည်ဖြစ်ကြောင်း ရေးသားထားသည်။

“အာဏာဆုပ်ကိုင်ထားသည့်အုပ်ချုပ်သူများအား မေးခွန်းထုတ်ခွင့်၊ ဝေဖန်ခွင့်နှင့် သရော်ခွင့်တို့သည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စံနှုန်းများတွင်လည်း အပါအဝင် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိ ထင်မြင် ယူဆချက်ကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟူသော လူ့အခွင့်အရေးအား အသိအမှတ်ပြု လေးစား လိုက်နာနိုင်ပါရန်မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်တို့အား ဆွီဒင်သံရုံးက လေးလေးနက်နက် တိုက်တွန်း အပ်ပါသည်”ဟုဆိုထားသည်။တပ်မတော်မှ တရားစွဲဆိုခြင်းခံထားရသည့်ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ငါးဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းကမရမ်းကုန်းမြို့နယ် တရားရုံးတွင်ရုံးထုတ်ခဲ့ပြီး မရမ်းကုန်းမြို့နယ်တရားသူကြီးမှေထာင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ငါးဦးကို ပြီးခဲ့တဲ့ ဧပြီလ ၁၀ရက်နေ့က သင်္ကြန်သံချပ်သီဆိုဖျော်ဖြေရာတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောအသုံးအနှုန်းများပါ၀င်သည်ဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှဒုဗိုလ်မှူးကြီးသန်းထွန်းမြင့်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ရန်ကုန်မြို့ ဗိုလ်တထောင် တရားရုံးတွင် ပုဒ်မ ၅၀၅(က) ဖြင့်ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အနေဖြင့် တရားရင်ဆိုင်နေဆဲဖြစ်ပြီး မအူပင်၊ ဖျာပုံ၊ဒေးဒရဲ တို့တွင်လည်းအမူထပ်မံရင်ဆိုင်နေရသည်။   
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly