Face of Beauty International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Best in Talent Winner ဆု ရရှိ

Face of Beauty International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Best in Talent Winner ဆု ရရှိ

Face of Beauty International 2015 ပြိုင်ပွဲကို အောက်တိုဘာ (၄)ရက်မှ (၁၆)ရက် အထိ ထိုင်<မ် နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ အလှမယ် ခြူးစစ်ဟန်သည် Top (15) ဆန်ကာတင် စာရင်းထိ ရွေးချယ်ခြင်း ခံခဲ့ရပြီး Best in Talent Winner ဆုကို ဆွတ်ခူး ရရှိခဲ့သည်။

Face of Beauty International 2015 Winner အဖြစ် Miss Mexico Yeraldi Barraza B က  သရဖူ ဆွတ်ခူး ရရှိခဲ့ပြီး 1st Runner Up ကို Hungary မှ Karman Dalma ၊ 2nd Runner Up ကို Ukraine မှ Maryna Stelmakh ၊ 3rd Runner Up ကို Greece မှ Alexandra Efstathiadi  ၊ 4th Runner Up ကို Venezuela မှ Stefany Merlin တို့က အသီးသီး ဆွတ်ခူး ရရှိခဲ့သည်။

Best in Talent Winner ဆုကို မြန်မာနိုင်ငံမှ အလှမယ် ခြူးစစ်ဟန်က ရရှိ ခဲ့ပြီး I AM ME ဆုကို Australia ၊ Best in National Costume ဆုကို Panama နှင့် Miss Photogenic ဆုကို Dominican Republic တို့က ရရှိခဲ့ကြသည်။

Face of Beauty International ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Miss Golden Land Myanmar Organization မှ ဒုတိယအကြိမ် စေလွှတ်ခြင်း ဖြစ်ပြီး မနှစ်က ထိုင်<မ် နိုင်ငံတွင် ပြုလုပ်သည့် Face of Beauty International 2014 ပြိုင်ပွဲကို အလှမယ် ဟယ်လင်မျိုးကို စေလွှတ် ခဲ့ခြင်း ဖြစ်သည်။

Best in Talent Winner ဆု ရရှိသည့် အလှမယ် ခြူးစစ်ဟန် သည် အသက်(၂၀)နှစ်အရွယ် ရှိပြီး မြင်းခြံမြို့ လေးရွာဆုံရွာသူ ဖြစ်ကာ B.A(Dramatic Art) ဘွဲ့ရရှိထားသူလည်း ဖြစ်သည်။  

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် Miss Golden Land Face of Beauty 2015 သရဖူ ဆွတ်ခူး ရရှိကာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ Face of Beauty International ပြိုင်ပွဲ ၏ Best In Talent ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ တစ်ပင်တိုင်အကနှင့် English Song တို့ဖြင့် သီဆို ကပြ ယှဉ်ပြိုင် ခဲ့ပြီး Best In Talent ဆုကို ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly