ပါကစ္စတန်မှာ ရထားမီးလောင်မှုဖြစ်ပြီး အနည်းဆုံး လူပေါင်း ၆၅ ဦး သေဆုံး

ပါကစ္စတန်မှာ ရထားမီးလောင်မှုဖြစ်ပြီး အနည်းဆုံး လူပေါင်း ၆၅ ဦး သေဆုံး

အောက်တိုဘာ ၃၁။         ။ ပါကစ္စတန်နိုင်ငံအလယ်ပိုင်းမှာ အောက်တိုဘာ ၃၁ ရက်က ခရီးသည်တင် ရထားတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၆၅ ဦးထက်နည်း သေဆုံးသွားကြောင်း သိရပါတယ်။ ယင်းဖြစ်စဉ်မှာ လူပေါင်း ဒါဇင်နဲ့ချီလည်း ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် ရာဟင်မ် ယာခန် ခရိုင်အနီးမှာ ယင်း ရထားမီးလောင်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ထွက်ပေါ်ခဲ့တဲ့ ရုပ်သံတစ်ခုထဲမှာတော့ ရထား တွဲဆိုင်းတွေမှာ မီးတောက်တွေ ဝါးမြို ဖုံးလွှမ်းနေတာကို တွေ့ခဲ့ရသလို ခရီးသည်တွေ အော်ဟစ်ငိုကြွေးသံတွေကိုလည်း ကြားခဲ့ရပါတယ်။

အဆိုပါ ရထားဟာ ကရာချိမြို့ကနေ ရာဝယ်လ်ပင်ဒီမြို့သို့ ဦးတည် ခုတ်မောင်းခဲ့စဉ် ခုလို မီးလောင်မှု ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ ကနဦး ရထားတဲ့ သတင်းတွေအရ ဒီ ဖြစ်စဉ်မှာ အနည်းဆုံး ၆၅ ယောက်သေတယ်၊ လူ ၄၀ လောက် ဒဏ်ရာရတယ်လို့ သိထားပါတယ်” လို့ ပြည်နယ် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ယက်စ်မင် ရက်ရှစ်ဒ်က ပြောပါတယ်။

မီးလောင်ရတဲ့အကြောင်းရင်းကတော့ အဆိုပါ ရထားပေါ်မှာ ခရီးသည်များ အသုံးပြုခဲ့တဲ့ မီးဖို ဂတ်စ်အိုး ပေါက်ကွဲမှုကနေ စခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကတော့ အနည်းဆုံး ရထားတွဲသုံးတွဲအထိ ကူးစက်ပြန့်နှံခဲ့တယ်လို့ သိရပါတယ်။

ပါကစ္စတန်မှာတော့ ခုလို မျိုး ရထား မတော်တဆမှုတွေက ပုံမှန် ဖြစ်ပွားလေ့ ရှိပြီး ယင်းနိုင်ငံက ရထားလမ်းတွေဟာလည်း စီမံခန့်ခွဲမှု အမှားတွေကြောင့် ယိုယွင်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly