ပထမဆုံးအကြိမ်ကျင်းပသည့် ကျောက်မျက်ပြပွဲတွင် ငွေကျပ်သိန်းပေါင်း သုံးသိန်းငါးထောင်ကျော် ရောင်းချခဲ့ရ

ပထမဆုံးအကြိမ်ကျင်းပသည့် ကျောက်မျက်ပြပွဲတွင် ငွေကျပ်သိန်းပေါင်း သုံးသိန်းငါးထောင်ကျော် ရောင်းချခဲ့ရ

မန္တလေး၊ အောက်တိုဘာ ၃၀ ။             ။  မန္တလေးမြို့၊ ကွန်ဗင်ရှင်းစင်တာတွင် ပထမဆုံးအကြိမ်ကျင်းပသည့် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာပြပွဲ၌ တင်ဒါစတင်ဖွင့်လှစ်သည့်နေ့ အောက်တိုဘာ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ ငွေကျပ် သိန်းပေါင်း သုံးသိန်းငါးထောင်ကျော် ရောင်းချခဲ့ရကြောင်း ကျောက်မျက်ပြပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇောအောင်က ပြောသည်။

“လေးရက်အတွင်းမှာ တင်ပြရောင်းချကျောက်အတွဲပေါင်း ၂၆၀၀ကျော်ရောင်းချပြီးတော့ ၁၈၆၄ တွဲရောင်း ချရပါတယ်။ Deposit သွင်းဖို့စောင့်နေတာတွေလည်းရှိပါသေးတယ်။ မြန်မာကျပ်ငွေ သိန်းပေါင်း သုံးသိန်းနဲ့ ငါးထောင်ကျော်ရောင်းချပေးနေပြီး ဆက်လက်တိုးလာမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

အောက်တိုဘာ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိအား ကျောက်မျက်များကိုလာရောက်ကြည့်ရှုရက်အဖြစ်သတ်မှတ် ခဲ့ပြီး အောက်တိုဘာ ၂၆ရက်မှ ၂၉ရက်နေ့အထိအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ကျောက်စိမ်းအတွဲပေါင်း ၁၈၆၄ တွဲအားရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မျှော်လင့်ထားတာထက်ပိုအောင်မြင်တယ်။ ကျောက်မျက်ရတနာပြပွဲမှာ မန္တလေး၊ ဖားကန့်၊ စစ်ကိုင်း၊ မိုးကုတ် နဲ့နယ်ပေါင်းစုံက လာရောက်ဝယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိပါ တယ်။ဒီငွေအပြည့်သာငွေသွင်းမယ့် ငါးသန်းနီးပါးအထိ တင်သွင်းနိုင်မှာဖြစ်ပါတယ်” ဟု ဦးကျော်ဇောအောင် ကပြောသည်။

ကျောက်မျက်ပြပွဲတွင် လာရောက်ကြည့်ရှုဝယ်ယူလိုသူများအတွက် ဝင်ကြေးအဖြစ် ပြည်တွင်းကုန်သည်တစ်ဦး လျှင် ကျပ်နှစ်သောင်းနှုန်းကောက်ခံခဲ့ပြီး ကျောက်စိမ်းအရောင်းအဝယ်အတွက် ရောင်းသူ ၁၃ရာခိုင်နှုန်းနှင့် ဝယ် ယူသူ ၅ရာခိုင်နှုန်းကောက်ခံခဲ့ကြောင်းသိရသည်။

“အခုလိုကျောက်မျက်ပြပွဲလုပ်ပေးတာကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အရင်က အောက်ခြေက ကျောက်ဝယ်ရောင်းတွေက အခုလိုမျိုးစျေးနှုန်းမြင့်တဲ့ေကျာက်တွေကို မမြင်ဖူးကြဘူး။ အခုကျတော့ အားလုံးကိုမြင်တွေ့ ပြီး ကျောက်စိမ်းစျေးကွက်က ဒီလိုရှိပါလားဆိုတာကို သိရှိသွားကြပါတယ်။ ဝယ်ယူပုံ၊ ရောင်းချပုံနည်းစနစ်တွေကိုလည်း သိရှိလေ့လာနိုင်ခဲ့ကြပါတယ်” ဟု မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များ အသင်း(မန္တလေး) ဥက္ကဋ္ဌ ဦးသန်းဝင်းကပြောသည်။

ယခုကဲ့သို့ ပြည်တွင်းကျပ်ငွေဖြင့်ရောင်းချသည့် ကျောက်မျက်ရတနာအရောင်းပွဲတော်အား နှစ်စဉ်ကျင်းပနိုင်ရန် အတွက်စီစဉ်လျက်ရှိပြီး ကျောက်မျက်ရတနာစျေးကွက် ပိုမိုကျယ်ပြန့်လာစေရန် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြပွဲကျင်းပရေးကော်မတီထံကသိရသည်။

အဆိုပါ ကျောက်မျက်ပြပွဲသို့ တရုတ်နိုင်ငံမှ ကုန်သည်များတက်ရောက်ခဲ့ကြသော်လည်း အရောင်းအဝယ် မရှိခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly