အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ အနောက်အုပ်စု ပြန်လည်ရုတ်သိမ်းလာ

အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှုများ အနောက်အုပ်စု ပြန်လည်ရုတ်သိမ်းလာ

သမိုင်းဝင် နျူကလီးယားသဘောတူညီမှု သက်ဝင်လာခြင်းအဖြစ် အီရန်၏ စီးပွားရေးကို ဆုတ်ယုတ်နေစေသည့် ချမှတ်ထားသော ကုန်သွယ်ရေးဒဏ် ခတ်ပိတ်ဆို့မှုများကို အမေရိကန်နှင့် ဥရောပတို့က ရုတ်သိမ်းရန် စတင်လုပ်ဆောင်လာပြီဖြစ်သည်။

လုပ်ထုံးလုပ်နည်းအရ သမိုင်းဝင် အီရန်နျူကလီးယားအရေး သဘောတူညီမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ထောက်ခံမှုပေးပြီး ရက် ၉၀ တွင် ပြန်လည်ရုတ်သိမ်းရေး စတင်ရခြင်းဖြစ်သည်။

သို့သော်လည်း နိုင်ငံခြားကုမ္ပဏီများအနေဖြင့် အီရန်၏ ရေနံလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းတို့တွင် လုပ်ကိုင်နိုင်မှု ရှိဦးမည်မဟုတ်ဘဲ သဘောတူညီမှုအပေးအယူကို အီရန်က အပြည့်အဝဖော်ဆောင်ပြီး သည့်အခါအထိ ယင်းနယ်ပယ်က ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုတ်သိမ်းမည်ဖြစ်သည်။

လုပ်ငန်းစဉ်နောက်အဆင့်သည် ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်ရေး IAEA က အီရန်၏ နျူကလီးယားစီမံကိန်းနှင့် ပတ်သက်ပြီး ထောက်ခံအတည်ပြုမှ အကောင်အထည်ဖော် လုပ်ဆောင်ရမည်ဖြစ်သည်။

အချိန်ကြာမည့် ပိတ်ဆို့မှုရုတ်သိမ်းရေးအစီအစဉ်အား ယခုသီတင်းပတ်တွင် ဖြစ်နိုင်ပါက စတင်လုပ်ဆောင်ရမည်ဖြစ်သည်ဟု အီရန်က ပြောသည်။ အီရန်အနေဖြင့် နျူကလီးယားလောင်စာသိုလှောင်မှု ပမာဏကို လျှော့ချခြင်း၊ ပလူတိုနီယမ်ထုတ်လုပ်နိုင်သည့် ဓာတ်ပေါင်းဖိုအား ရပ်တန့်ပစ်ခြင်းတို့ကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။

သမ္မတအိုဘားမားအစိုးရက အီရန်အား ကုန်သွယ်ရေးပိတ်ဆို့မှုများကို ရုတ်သိမ်းရန် စတင်လုပ်ဆောင်လာသည်။ "ဒီနေ့က အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်အောင် တားဆီးလိုက်နိုင်တဲ့ သမိုင်းဝင်နေ့တစ်နေ့ပါ။ အီရန်ရဲ့ နျူကလီးယားစီမံကိန်းက ငြိမ်းချမ်းတဲ့ စီမံကိန်းတစ်ရပ်ဖြစ်အောင် လုပ်ဆောင်လိုက်နိုင်တာပဲဖြစ်တယ်။"ဟု အိုဘားမားက ပြောခဲ့သည်။

Ref ; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly