(၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ သွားမည်

(၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ သွားမည်
ဓာတ်ပုံ - နိုင်ငံတော်အတိုင်ပင်ခံရုံး

ရန်ကုန်၊ အောက်တိုဘာ ၃၀။         ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်ရန်အတွက် ထိုင်းနိုင်ငံသို့ မကြာမီ သွားရောက်မည်  ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရသည်။

အဆိုပါခရီးစဉ်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက် အရ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့်ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်သွားရောက်ခြင်းဖြစ်ေကြာင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အောက်တိုဘာ ၂၀ရက်နေ့မှ ၂၄ရက်နေ့အထိ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိစဉ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လေးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောကြားခြင်း ၊ KNU ကရင်အမျိုးသားအစည်အရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခြင်းများကို ပြုလုပ်ခဲ့သည်။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကိုလည်း အောက်တိုဘာလ ၂၉ရက်နေ့ကနေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ သေးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly