မူးယစ်ဆေးဝါးနှင့် လက်နက်သိုလှောင်ရောင်းချ နေသည်ဟုဆိုကာ စုံစမ်းရှာဖွေစစ်ဆေး ခံရမှုများအတွက် ပြန်လည်ဖြေရှင်း

မူးယစ်ဆေးဝါးနှင့် လက်နက်သိုလှောင်ရောင်းချ နေသည်ဟုဆိုကာ စုံစမ်းရှာဖွေစစ်ဆေး ခံရမှုများအတွက် ပြန်လည်ဖြေရှင်း

ရန်ကုန်၊ အောက်တိုဘာ ၂၉ ။         ။ မူးယစ်ဆေးဝါးနှင့် လက်နက်သိုလှောင်ရောင်းချ နေသည်ဟုဆိုကာ စုံစမ်းရှာဖွေစစ်ဆေး ခံရ မှုများအတွက် ဝါဏိဇ္ဇကျောင်း ဆရာတော် ဦးပညောဘာသက သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ၅ရက်နေ့ ညနေ၃နာရီခန့်တွင် ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးကျောင်းတိုက် အတွင်းရှိ ဝါဏိဇ္ဇကျောင်းဆရာတော်ကို မူးယစ်ဆေးဝါးနှင့်လက်နက်သိုလှောင်ရောင်းချနေသည်ဟု ဆိုကာ သတင်းအရ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် လူအင်အား(၁၀)ဦးခန့်က လာရောက် စုံစမ်းရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်များအတွက် မဟုတ်မှန်ကြောင်း သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၉ရက်နေ့က ဝါဏိဇ္ဇကျာင်းမှာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“၂၀၁၃ကနေ စပြီး နယ်ဘက်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုပြီး တတ်စွမ်းသမျှလုပ်တယ်။ ကိုရင် တွေ စာချတယ်။မူးယစ်ဆေးဝါးတိုက်ဖျက်ေရးဆိုတဲ့ဟာ လုပ်တယ်။ဒီနှစ်ခုလွဲရင် ဘုန်းဘုန်းမှာ လောကီပိုင်းဆိုင်ရာတွေ မရှိဘူး။” ဟု ဝါဏိဇ္ဇကျောင်း ဆရာတော် ဦးပညောဘာသက မိန့်ကြားသည်။

ဝါဏိဇ္ဇကျောင်းဆရာတော် ဦးပညောဘာသ အနေဖြင့် ဆရာတော်၏ ဂုဏ်သိက္ခာ၊ ကျောင်း၏ ဂုဏ်သိက္ခာ၊ သာသနာတော်၏ ဂုဏ်သိက္ခာအပေါ် ထိခိုက်နစ်နာရတာကြောင့် မဟုတ်မမှန် သတင်းပေးပို့သူကို ဥပဒေကြောင်းအရ တရားစွဲဆိုမှုများ ပြုလုပ်လိုသော်လည်း ဗဟန်းမြို့နယ် ရဲစခန်းမှ ထုတ်ဖော်ပြောဆိုခွင့်မရှိသောကြောင့် တရားစွဲဆိုခွင့်မရခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဗဟန်းမြို့နယ်ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲမှူးဖြစ်သော ရဲမှူးသိန်းဝင်းကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ “သံဃာဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ အထက်က ရှာဖွေမိန့်ကို ရရှိပါက ကြိုတင်စုံစမ်းတာမျိုးမရှိဘဲနဲ့လည်း တာဝန်အရ စုံစမ်းရှာဖွေရပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယခင်က ခြောက်ထပ်ကြီးကျောင်းတိုက်ဝင်းထဲရှိ ဝါဏိဇ္ဇကျာင်းတွင် ဝါဏိဇ္ဇကျာင်းဆရာတော်ဟောင်း ဦးဇာဂရ ပျံလွန်တော်မူပြီးနောက် ကျောင်းထိုင်ဆရာတော်အချင်းချင်း ကျောင်းပိုင်ဆိုင်မှု အငြင်းပွားခဲ့သည့် ပြသာနာတစ်ခုလည်းရှိခဲ့ဖူးသည်။

ထိုသို့ သံဃာအမှုအခင်းဖြစ်ပေါ်ခဲ့မှုအတွက် (၄၇)ပါးစုံညီအစည်းအဝေးပြုလုပ်ခဲ့ကာ နောက်ဆုံး ဆုံးဖြတ်ချက်အရ (၂၀၁၂)ခုနှစ်တွင် ဆရာတော် ဦးပညောဘာသက အမှုအနိုင်ရရှိခဲ့ကာ ကျောင်းထိုင် ဆရာတော်ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly