ရီးယဲလ်မက်ဒရစ်အသင်းဟာ ၂၀၁၉ ခုနှစ်အတွင်း ဥရောပထိပ်သီးလိဂ် (၅)ခုမှာ အကယ်ဒမီထွက် ကစားသမား အသုံးပြုမှု အများဆုံးအအသင်းအဖြစ် ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။
ဒီစစ်တမ်းကို နာမည်ကျော် ဘောလုံးသုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ CIES က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ (၅)ခုမှာ ရီးယဲလ်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားစုစုပေါင်း (၃၉)ဦးထိ ပါဝင်ကစားထားခဲ့တယ်လို ဖော်ပြထားပါတယ်။
ဒုတိနေရာက မဟာပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ ကစားသမားအရေအတွက်က (၃၄)ဦးထိရှိနေခဲ့ပါတယ်။
CIES က အသက် (၁၆)နှစ်ကနေ (၂၁)နှစ်အတွင်း အသင်းအတွက် အနည်းဆုံး (၃)ရာသီပြည့် ကစားပေးထားခဲ့တဲ့ ကစားသမားတွေကို ထည့်သွင်းတွက်ချက်ခဲ့တာဖြစ်ပါတယ်။ ဒီစာရင်းမှာ ရီးယဲလ်အသင်းကို အသက် (၁၈)နှစ်မှာ စတင်ရောက်ရှိခဲ့ပြီး (၂၁)နှစ်မပြည့်ခင်မှာပဲ (၃)ရာသီကစားပေးထားခဲ့ပြီးဖြစ်တဲ့ နောက်ခံကစားသမား ဗာရန်းလည်း ထည့်သွင်းတွက်ချက်ခြင်းခံခဲ့ရပါတယ်။
စပိန်ကလပ် နှစ်သင်းရဲ့နောက် ထိပ်ဆုံးအသင်း (၅)သင်းရဲ့လက်ကျန်နေရာတွေမှာ လိုင်ယွန်အသင်းက အကယ်ဒမီ ကစားသမား (၃၀)ဦး၊ ယူနိုက်တက်အသင်းက (၂၈)ဦးနဲ့ ဗလင်စီယာအသင်းက (၂၄)ဦးအထိပါဝင်ခဲ့ပြီး အသီးသီးရပ်တည်နေပါတယ်။
Ref; Fox Sport
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/