တောင်သူများ ဝင်ငွေတိုးပွားရေးနှင့်မျိုးကောင်း မျိုးသန့်များ ရရှိရေးအတွက် ဆွေးနွေးပွဲပြုလုပ်

တောင်သူများ ဝင်ငွေတိုးပွားရေးနှင့်မျိုးကောင်း မျိုးသန့်များ ရရှိရေးအတွက် ဆွေးနွေးပွဲပြုလုပ်

မန္တလေး၊ အောက်တိုဘာ ၂၉ ။              ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားများ ဝင်ငွေတိုးပွားစေရန်နှင့် မျိုးကောင်း မျိုးသန့်များရရှိစေရေး ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကော်မတီမှ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

အောက်တိုဘာလ ၂၉ ရက် နံနက် ၉ နာရီ ၃၀မိနစ်က မန္တလေးတိုင်းဒေသကြီး လွှတ်တော်သဘင် ခန်းမ တွင်ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊မွေးမြူ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရှင်များ၊ တောင်သူလယ်သမားများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကူညီဆောင်ရွက်ပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့်ဖိတ်ကြားထားသည့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။

"မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍတိုးတက်အောင် မျိုးကောင်း မျိုးသန့် တွေ ရရှိအောင် မျိုးကောင်းမျိုးသန့်ဆိုရာမှာ သီးနှံမှာလည်း မျိုးကောင်းမျိုးသန့်ပေါ့။ မွေးမြူရေး ဆိုရာ မှာလည်း မွေးမြူရေးနဲ့ပတ်သက်ပြီး မျိုးကောင်းမျိုးသန့်ရအောင် ရတယ်ဆိုရင် သီးနှံတွေထုတ်မယ်။ မွေးမြူရေးထုတ်ကုန်တွေထုတ်မယ်ဆိုရင် တောင်သူတွေ ဝင်ငွေတိုးမယ်။တောင်သူတွေ ဝင်ငွေတိုးဖို့ အဓိက ရည်ရွယ်တာပေါ့။ တောင်သူတွေ ဝင်ငွေတိုးဖို့ဆိုရင် သတင်းအချက်အလက်ကလည်းလိုတယ်။ သတင်းအချက်အလက်ရဖို့နဲ့ မျိုးကောင်းမျိုးသန့်ရဖို့အတွက် တိုင်းကမွေးမြူရေး ဦးစီးဌာနတို့ ပူးပေါင်း ပြီးတော့ နောက်ပြီးတော့ ပုဂ္ဂလိကတွေနဲ့ပူးပေါင်းပြီး အကြံအဉာဏ်တွေယူတဲ့ပွဲပေါ့။"ဟု စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီမှ ဥက္ကဋ္ဌ ဦးမြင့်ဆွေက မဇ္ဈိမကိုပြောသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးသို့ ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပြီးပါက မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံံ့ဖြိုးတိုးတက်အောင် မည်သို့ဆောင်ရွက်ရမည်။ ဝင်ငွေတိုးအောင် မည်သို့ဆောင်ရွက်ရမည်ကို ဆက်လက်ဆောင်ရွက် သွားမည်ဟု သိရသည်။
"တစ်ချို့နေရာတွေမှာ တောင်သူတွေက မြေတွေပစ်ထားတယ်။အချိန်မကျသေးလို့လား ရာသီ မရောက်သေးလို့လားလို့ ဆိုတဲ့ အခါကျတော့ ဒေသခံတွေက ဥက္ကဋ္ဌကြီး မစိုက်ရဲဘူးတဲ့။ စိုက်လိုက် တိုင်းရှုံးနေတာတဲ့။ အဲလို ဒီလိုရှုံးတဲ့အခါကျတော့ မစိုက်ဘဲ နေတာကမှတော်သေးတယ်တဲ့ ။ အဲဒါ ဆိုရင် ဒီဒေသမှာရှိတဲ့လူထုက ဘာတွေလုပ်ကိုင်စားလည်းဆိုတော့ ကြုံရာ လုပ်စားတာ တွေ့ရ တယ်။" ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကပြောသည်။

အဆိုပါဒေသတွင် တောင်သူလယ်သမားအများစုမှာ မိရိုးဖလာနည်းများဖြင့်သာ စိုက်ပျိုးနေကြခြင်း ကြောင့် ဖွံ့ဖြိုးတိုးတက်းမှုနှေးနေခြင်းြဖစ်ကြောင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် စိုက်ပျိုးရေးဌာန မွေးမြူရေးဌာနနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း ပံ့ပိုးပေးရန် လိုအပ် ကြောင်း ၎င်းကဆိုသည်။

"တရုတ်နိုင်ငံမှာဆိုရင် အစိုးရကလည်း ပံ့ပိုးမှုပေးတယ်။လုပ်ငန်းရှင်ေတွကလည်း ပံ့ပိုးမှုပေးတယ်။ အဓိကကတော့ စိုက်ပျိုးရေးဌာနက စိုက်ပျိုးရေးလုပ်တဲ့သူနဲ့ပုဂ္ဂလိက လုပ်ငန်းလုပ်တဲ့သူနဲ့ကြားက ချိတ်ဆက်ပေးတယ်။အဲဒီတော့ တောင်သူက စိုက်ပျိုးရေးကို အဓိကလုပ်တယ်။"ဟု ဦးအောင်ကျော်ဦး က ထပ်လောင်းပြောဆိုသည်။

ထို့အပြင် မန္တလေးတိုင်းအတွင်း မျိုးကောင်းမျိုးသန့်ဟူ၍ ဖြန့်ဖြူးမှုများရှိနေသော်လည်း အာမခံမှု အား နည်းချက်များရှိနေခြင်းကြောင့် တောင်သူတစ်ချို့မှာ စိုက်ပျိုးရန်စိုးရိမ်မှုများ ရှိနေကြောင်း မျိုးကောင်း မျိုးသန့်ဟု ပြောဆိုကာ ဖြန့်ဖြူးပေးသည့် မျိုးစေ့များ၏ အထွက်နှုန်း၊ စျေးကွက်နှင့် စိုက်ပျိုးအောင်မြင်မှု အခြေအနေတို့ကို သက်ဆိုင်ရာမှ ရှင်းပြမှု အားနည်းနေကြောင်း တောင်သူတစ်ဦးက ပြောသည်။

"ဥက္ကဋ္ဌကတော့ ဒီဆွေးနွေးပွဲကနေပြီးတော့ တောင်သူတွေနဲ့တွေ့ဆုံပြီးတော့ မျိုးကောင်း မျိုးသန့် တွေကို တောင်သူတွေလက်ထဲကို ပို့ပေးနိုင်မယ်လို့ပြောတယ်။အဲလိုတွေပြောတာ တောင်သူတွေ အနေနဲ့ ကြိုဆိုပါတယ်။မျိုးကောင်း မျိုးသန့်တွေ လုပ်ပေးသင့်ပါတယ်။"ဟု ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ကြံတောင်သူ ဦးစိုးနိုင်က ပြောသည်။

ယခုတွေ့ဆုံ ဆွေးနွေးပွဲမှ တောင်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဝင်ငွေတိုးရေးနှင့်မျိုးကောင်း မျိုးသန့် ရရှိနိုင်ရေးတို့ကို လုပ်ဆောင်ပေးနိုင်မည့် အကြံအဉာဏ်များ ရရှိလာမည်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly