ဘုရားဖူးယာဉ် ချောက်ထဲကျ၍ ၁၉ ဦးသေဆုံး

ဘုရားဖူးယာဉ် ချောက်ထဲကျ၍ ၁၉ ဦးသေဆုံး

အောက်တိုဘာ ၂၉။            ။ ရွှေဘိုမြို့နယ် ခွန်တောင်းကြီးကျေးရွာမှ တောင်ကြီးသို့ ဘုရားဖူးသွားစဉ် ရွာငံနှင့် မြို့ကြီးကြား ယုံတောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်ချောက်ထဲကျခဲ့သဖြင့် ၁၉ဦးသေဆုံးခဲ့ကြောင်း ခွန်တောင်ကြီးကျေးရွာမှ ကရုဏာသုခကျန်းမာရေးစောင့်ရှောက်မှုနှင့် နာရေးကူညီမှု သွေးလှူရှင် အသင်းထံကသိရသည်။

“ ဘုရားဖူးသွားတာပါ၊ ကားပေါ်မှာ ဘုန်းကြီးတစ်ပါး၊ ကလေးငါးဦး အပါအဝင်စုစုပေါင်း ၂၆ယောက်လိုက်ပါ သွားတာပါ၊ ကနဦးသိရှိချက်အရ ၁၉ဦးသေဆုံးတယ်လို့သိရတယ်၊ ကျန်တာတွေကို ဆက်လက် ကယ်ဆယ်နေ ဆဲမို့ အတိအကျတော့ ပြောလို့မရသေးဘူး၊ ည ခုနှစ်နာရီခွဲဝန်းကျင်လောက်ဖြစ်တယ်လို့သိရတယ် “ဟု အဆိုပါအသင်း ဥက္ကဋ္ဌ ကိုချမ်းအေးကပြောသည်။

ကယ်ဆယ်ထားသည့် လူနာများကို မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နီးစပ်ရာ ရွာငံဆေးရုံသို့ တင်ပို့ ထားရှိကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly