ဖိလစ်ပိုင်သို့ အင်အားပြင်းကော့ပူတိုင်ဖွန်း ဝင်ရောက်

ဖိလစ်ပိုင်သို့ အင်အားပြင်းကော့ပူတိုင်ဖွန်း ဝင်ရောက်

မနီလာ၊ အောက်တိုဘာ ၁၈ ။ ။ အင်အားပြင်းတိုင်ဖွန်း ကော့ပူသည် အောက်တိုဘာ ၁၈ ရက်က ဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာ အရှေ့မြောက်ဘက် ကမ်းရိုးတန်မြို့ကာဆီဂူရန်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အဆိုပါမုန်တိုင်းသည် သုံးရက်ကြာမြင့်နိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ဗဟိုချက်တွင် တစ်နာရီလျှင် ၂၁၀ ကီလိုမီတာ (မိုင်၁၃၀) နှုန်းဖြင့် ဒေသစံတော်နံနက် ၄ နာရီခန့်က မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ချိန်တွင် လူပေါင်း ၆၅၀၀ ခန့်အား နေရာရွှေ့ပြောင်း ပေးထားရကြောင်း သိရသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် အော်ရိုဝါပြည်နယ်နှင့်အနီးရှိ အစ်ဘယ်လ်ပြည်နယ်တို့တွင် သစ်ပင်များပြိုကျခြင်းနှင့် လျှပ်စစ်ဓာတ်တိုင်များ ပြိုကျခြင်းတို့ဖြစ်ပွားခဲ့သည်။

ကော့ပူမုန်တိုင်းအနီးတွင်ဖြစ်ပွားနေသည့် ရာသီဥတုအခြေအနေတစ်ခုကြောင့် ယင်းတိုင်ဖွန်းမုန်တိုင်း သည် လူဦးရေသန်း ၅၀ ခန့်နေထိုင်သည့် လူဇွန်ကျွန်းသို့ ဆက်လက်ဝင်ရောက်မည်ကို စိုးရိမ်မှုများ ဖြစ်ပေါ်နေသည်။

ကော့ပူမုန်တိုင်းသည် မြို့တော်မနီလာသို့ တိုက်ရိုက်မသက်ရောက်နိုင်သော်လည်း အင်အားပြင်းထန် သောကြောင့် နိုင်ငံတောင်ပိုင်းတွင် လေပြင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly