ကလေးဥယျာဉ် ဖန်တီးဖို့ ခရီးသည်တင် လေယာဉ် ဝယ်ယူပြီး ခြံဝင်းရှေ့မှာ ပါကင်ထိုးထားသူ 

ကလေးဥယျာဉ် ဖန်တီးဖို့ ခရီးသည်တင် လေယာဉ် ဝယ်ယူပြီး ခြံဝင်းရှေ့မှာ ပါကင်ထိုးထားသူ 
Photo: EPA

ဇာဂရတ်ဘ်၊ အောက်တိုဘာ ၂၆ ။      ။ ခရိုအေးရှားနိုင်ငံက ရောဘတ်ဆီဒလာဆိုသူဟာ တန်ချိန် ၂၅ တန် ရှိတဲ့ ခရီးသည်တင်လေယာဉ်ကို ဝယ်ယူပြီး သူ့ ခြံဝင်းရှေ့ ပါကင်ထိုးထားပါတယ်။ 

ဘာကြောင့်ခုလို လေယာဉ်ပျံကြီး ဝယ်ယူပြီး ခြံရှေ့မှာ ထားရသလဲဆိုတာကတော့ သူ့ရဲ့ ခြံရှေ့မှာ ကလေးငယ်တွေအတွက် ဥယျာဉ်တစ်ခု ဖန်တီးပေးဖို့ဘဲလို့ အသက် ၅၆ နှစ်အရွယ် ဆီဒလာက ပြောပါတယ်။ 

မြို့တော် ဇာဂရတ်ဘ် မြောက်ပိုင်းအရပ်မှာ နေထိုင်တဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဆီဒလာဟာ ထိုင်ခုံ ၁၀၉ ခုံပါ Fokker 100 လေယာဉ်ကို ခြံရှေ့ ပါကင်ထိုးပြီး သူ့ခြံကို ကလေးငယ်တွေ မွေးနေ့ပွဲတွေ ကျင်းပရာ၊ အခြားပါတီပွဲတွေ ကျင်းပရာ ဥယျာဉ်အဖြစ် ဖန်တီးနေတာ ဖြစ်ပါတယ်။

“ကျွန်တော် ကျိန်းသေ ပြောရဲတယ်ဗျာ။ ယောက်ကျားလေးတွေရော၊ မိန်းကလေးတွေပါ တော်တော်လေး သဘောကျကြလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ လေယာဉ်ရဲ့ လေယာဉ်မှူးအခန်းကို ကျွန်တော် သေချာတီထွင်ပြင်ဆင်ထားတယ်။ ကလေးငယ်တွေ သူတို့ကိုယ်တိုင် တကယ်ပဲ လေယာဉ်မောင်းနေရပါလားဆိုတဲ့ ခံစားချက် ရရှိစေမှာ ဖြစ်တယ်။”လို့ ဆီဒလာက ဆိုပါတယ်။ 

ဆီဒလာ လေယာဉ်မှူးအခန်းမှာ ပျံသန်းမှုခွင်တုစက် flight simulators နှစ်ခုကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေဟာ ဒူဘရုနစ်လေဆိပ်ကနေ ပျံတက်တာ၊ ဆင်းသက်တာတွေကို တကယ့်အစစ်အတိုင်း ပြုလုပ်နိုင်မယ်လို့ ဆီဒလာက ပြောပါတယ်။

လေယာဉ်ကိုယ်ထည်တွင်းမှာတော့ အလွတ်နီးပါး ထားမှာ ဖြစ်ပြီး ကလို့ ခုန်လို့လည်း ရမှာဖြစ်သလို ပျော်ပွဲရွှင်ပွဲတွေလည်း အယောက် ၅၀ လောက် ပါဝင်ဆင်နွှဲနိုင်လို့ ရေအောင် ဖန်တီးထားမှာ ဖြစ်တယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags