‘ယူနိုက်တက်က ထိပ်ဆုံး (၆)သင်းအဆင့်ကိုတောင် ဝင်ရောက်နိုင်မှာ မဟုတ်ဘူး’ - ကာရေဂါ

‘ယူနိုက်တက်က ထိပ်ဆုံး (၆)သင်းအဆင့်ကိုတောင် ဝင်ရောက်နိုင်မှာ မဟုတ်ဘူး’ - ကာရေဂါ
Photos: EPA

လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ထိပ်ဆုံး (၆)သင်းအဆင့်ကို ဝင်ရောက်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ အခုလိုကာရေဂါရဲ့ပြောဆိုမှုအပေါ်မှာ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်ကလည်း သဘောတူညီခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ အသင်းဟာ ဆိုးရွားတဲ့ ရာသီအစကို ရင်ဆိုင်နေခဲ့ရတာဖြစ်ပြီး လက်စတာကို စက်တင်ဘာ ၁၄ ရက်က(၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် (၄)ပွဲမှာ နိုင်ပွဲလုံးဝမရှိသေးဘဲ လက်ရှိမှာ အဆင့် (၁၄)နေရာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးလ်ကို (၁-၁)ဂိုးနဲ့ သရေကျခဲ့ပေမယ့်လည်း ကာရေဂါကတော့ ယူနိုက်တက်တို့ဟာ ထိပ်ဆုံး (၄)သင်း မဝင်တဲ့အပြင် ဥရောပပြိုင်ပွဲကိုပါ စွန့်ခွာသွားနိုင်တယ်လို့ သောကြာနေ့ညက ဆောက်သမ်တန်နဲ့ လက်စတာပွဲစဉ်မတိုင်မီ ကာရေဂါက ပြောဆိုခဲ့တာပါ။

"သူတို့(ယူနိုက်တက်) ထိပ်ဆုံးလေးသင်းကို ဝင်နိုင်မှာမဟုတ်ဘူးလို့ ကျနော် ယူဆပါတယ်။"လို့ ကာရေဂါက Friday Night Football ကို ပြောကြားခဲ့ပါတယ်။

"လက်စတာက ထိပ်ဆုံးခြောက်သင်းအဆင့်ကို ဝင်ရောက်မယ့်အကြောင်း ကျနော်တို့ ပြောအနေတဲ့အခါမှာ ဘယ်အသင်းက လွဲချော်နိုင်တယ်ဆိုတာကိုတော့ အတိအကျ မသိသေးပါဘူး။ သေချာတာကတော့ ယူနိုက်တက်တို့ဟာ ထိပ်ဆုံးခြောက်သင်း ရပ်တည်မှုကနေ လွဲချော်မယ့် အသင်းတစ်သင်းဖြစ်လိမ့်မယ်ဆိုတာပါပဲ။ လက်စတာက တော်တော်လေးကို တောင့်တင်းလာပါတယ်။"

"ယူနိုက်တက်မှာက အကြီးမားဆုံးပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ ပွဲတစ်ပွဲမှာ တစ်ဂိုးထက်ပိုမသွင်းနိုင်တာပါပဲ။"လို့ သူက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ ချယ်လ်ဆီးကို (၄-၀)ဂိုးနဲ့ အဖွင့်နေ့မှာ အနိုင်ရပြီးနောက်ပိုင်း ပွဲတစ်ပွဲမှာ တစ်ဂိုးထက် မသွင်းယူနိုင်ခဲ့တာဟာ ပြိုင်ပွဲစုံမှာ (၁၂)ပွဲအထိ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကလည်း ဒီရာသီမှာ ယူနိုက်တက်တို့ဟာ ထိပ်ဆုံး (၆)သင်းထဲ မဝင်နိုင်မယ့် အခြေအနေက အန္တရာယ်ရှိတဲ့အကြောင်း ကာရေဂါရဲ့ ပြောဆိုမှုကို သဘောတူထောက်ခံခဲ့ပါတယ်။

"သူတို့တွေ ထိပ်ဆုံး (၆)သင်းကနေ လုံးဝ လွဲချော်သွားနိုင်ပါတယ်။"လို့ နဗီးလ်က ပြောဆိုသွားခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly