ရေနံပိုက်လိုင်း၏ ဘေးထွက်ဆိုးကျိုးများကို တင်ပြသော်လည်း ထူးခြားမှုမရှိဟုဆို

ရေနံပိုက်လိုင်း၏ ဘေးထွက်ဆိုးကျိုးများကို တင်ပြသော်လည်း ထူးခြားမှုမရှိဟုဆို

မန္တလေး၊ အောက်တိုဘာ ၂၅။           . ။  မြန်မာ-တရုတ်ရေနံပိုက်လိုင်းသွယ်တန်းရာလမ်းတလျှောက်တွင် သဘာဝဂေဟစနစ်များ ပျက်စီးခြင်းအပြင် အ ခြားသော ဘေးထွက်ဆိုးကျိုးများရှိနေခြင်းအား သက်ဆိုင်ရာသို့ တင်ပြသော်လည်း ထူးခြားမှုမရှိကြောင်း ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြေရေးအဖွဲ့ထံကသိရသည်။

ဂတ်စ်ပိုက်လိုင်းကြောင့်  ရေထွက်တွေပျက်စီးတယ် ဒေသခံတွေကတော့ နားမလည် ကြဘူး၊ ဂေဟစနစ် သစ်ပင်တွေပျက်စီးတာတွေအတွက် သက်ဆိုင်ရာကို တင်ပြပေမယ့် ဘာမှ ထိထိ ရောက်ရောက်လုပ်ဆောင်မပေးဘူး၊ ဘာမှလုပ်မပေးတော့ ဘာဆက်လုပ်ရမယ်မှန်းမသိဖြစ်နေတယ်၊၊ ဒါကြောင့် ကုမ္ပဏီကလာရောက်ဖွင့်လှစ်ပေးတဲ့ ကျောင်းဖွင်ပွဲကို လာတဲ့အချိန်မှာ ဒီအတိုင်းအတာလေးနဲ့တော့ မရဘူးဆိုတာကို ကျွန်တော်ပြောခြင်တဲ့ အတွက်လာရောက်ခဲ့ခြင်းဖြစ်ပါတယ် `` ဟု ပြင်ဦးလွင်မြို့ စိမ်းလန်းစိုပြေရေးအဖွဲ့မှ ဦးစိုင်းမင်းလတ်ကပြောသည်။

အောက်တိုဘာ ၂၅ရက်နေ့က ပြင်ဦးလွင်မြို့ သုံးတောင်ရွာတွင် ပြုလုပ်ခဲ့သော တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း(SEAOP-SEAGP) မှ ကျောင်းဆောင်သစ်လှူဒါန်းပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

`` မြန်မာတရုတ်ရေနံပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးသွားတဲ့ သဘာဝဂေဟစနစ်တွေကို ဒေသခံတွေအနေနဲ့ ပြန်လည်ပြုပြင်ပေးစေခြင်ကြပါတယ်၊ အခုလိုကျောင်းတွေဖွင့်ပေးတာတင်မကဘူး အခြား သော လုပ်ငန်း တွေကိုလည်းလုပ်ဆောင်ပေးေစခြင်ပါတယ်၊ ကျွန်တော်တို့ ပြင်ဦးလွင်က အပန်းဖြေမြို့တော်ဖြစ် တယ်၊ အခုကျတော့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ရာသီဥတုမမှန်တာမျိုးတွေ ဖြစ်ပေါ်နေပါပြီ`` ဟု ၎င်း ကဆက် လက်ပြောကြားခဲ့သည်။

အဆိုပါ ပိုက်လိုင်း စီမံကိန်းမှာ နိုင်ငံပေါင်းလေးနိုင်ငံ၊ ကုမ္ပဏီခြောက်ခုတို့မှ အကျိုးတူပူးပေါင်းကာ ဆောင်ရွက် ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှ ပိုက်လိုင်းနှစ်ကြောင်းဖြင့် အပြိုင်သွယ်တန်းကာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း။ ရှမ်းပြည်နယ်တို့ကို  ဖြတ်သန်းပြီး တရုတ်ပြည်နယ် ရွှေလီမြို့မှ တဆင့် တရုတ်နိုင်ငံအတွင်းသို့ သွယ်တန်းထားရှိခြင်းဖြစ်သည်။

`` သွယ်တန်းထားရာ လမ်းတလျှောက်မှာတော့ သစ်ပင်တွေ၊ မြစ်ချောင်းတွေကို ဖြတ်သန်းသွားလာတာမျိုးတွေ ရှိတယ်၊ အဲဒါတွေကို သူတို့အနေနဲ့ အတတ်နိုင်ဆုံးရှောင်ကွင်းသွားတယ်လို့ုဆိုပေမယ့် ပျက်စီးမှုကတော့ရှိပါ တယ်၊ အဲဒီအတွက်သူတို့က အခုအချိန်ပြန်လည်ကုစားပေးတာမျိုးတော့မတွေ့ရသေးပါဘူး၊``ဟု တရုတ်-မြန်မာ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ၊ အဖွဲ့ဝင် ဦးစိန်ထွန်းကပြောသည်။

စီမံကိန်းမှာ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ၁၃၀သိန်းနှင့် သဘာဝဓာတ်ငွေ့ကုဗမီတာ ငါးဘီလီယံကို တရုတ်နိုင်ငံ သို့ ပို့ဆောင်ပေးနေပြီး မြန်မာနိုင်ငံအတွက် ရေနံစိမ်းတန်ချိန် ၂၀သိန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ တစ်ဘီလီ ယံကို ပေးအပ်လျက်ရှိကြောင်းသိရသည်။

ယခုကဲ့သို့ သဘာဝဓာတ်ငွေ့များ တူးဖော်ရန်အတွက် ဖြတ်သန်းရာလမ်းတလျှောက်တွင် ထိခိုက်မှုများရှိနေခြင်း အတွက် ကုမ္ပဏီအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ဒေါ်လာသန်းပေါင်း ၁ ဒဿမ ၆၉၈သန်း တန်ဖိုးရှိ  လူမှုတာဝန်သိအကျိုးပြု လုပ်ငန်းပေါင်း ၅၄ခုကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည့်အပြင်  ဆက်လက်၍လည်း လို အပ်သောနေရာများအတွက် လူမှုတာဝန်သိ အကျိုးပြုလုပ်ငန်းများကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဘက်က ပြောဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required