ကချင်မျိုးနွယ်စုများအကြား မတူကွဲပြားမှုကို ဆွေးနွေးအဖြေရှာသည့် စကားဝိုင်းပြုလုပ်

ကချင်မျိုးနွယ်စုများအကြား မတူကွဲပြားမှုကို ဆွေးနွေးအဖြေရှာသည့် စကားဝိုင်းပြုလုပ်

အောက်တိုဘာ ၂၄၊ ရန်ကုန်။             ။ ကချင်ပြည်နယ်အတွင်းရှိ လူမျိုးနွယ်စု ခြောက်စု အကြား မတူကွဲပြားမှုကို ဆွေးနွေးအဖြေရှာသည့် စကားဝိုင်း ဆွေးနွေးမှုတစ်ရပ်ဖော်ဆောင်ခြင်းြဖင့်  ရေရှည်တည့်တံ့သော ငြိမ်းချမ်းရေး  ဖော်ဆောင်နိုင်မည်ဟု  ကချင်အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

ကျား ၊ မတန်း တူညီမျှရေး ၊ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်နေသော အေးချမ်းမြန်မာ အင်စတီကျူ ( GDI ) နဲ့ Christian Aid တို့မှ ပူးပေါင်းပြုလုပ်သည့် ကချင်ပြည်နယ်အတွင်းရှိ လူမျိုးနွယ်စုအတွင်း နှင့် လူမျိုးနွယ်စုများအကြား ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကို အားပေးမြှင့်တင်ခြင်း အစီအစဉ်နှင့် အစိုးရအဖွဲ့လုပ်ငန်းများတွင်း ကျား ၊ မ ရေးရာ တန်းတူညီမျှမှု သဘောတရားထည့်သွင်းဆောင်ရွက်ခြင်း အစီအစဉ် မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက်နေ့ ၊နံနက်ပိုင်း ၉ နာရီ မှ ၁၂ နာရီအထိ ရန်ကုန်မြို့ ၊ ၃၇ နဲ့  ၃၈ လမ်း ရှိ River Gallery တွင် ပြုလုပ်ခဲ့သည် ။

စကားဝိုင်းဆွေးနွေးပွဲ သည်  ပဋိပက္ခကို ဖြေရှင်းခြင်းနှင့်  ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင်အရေးပါပြီး  Community ကြားတွင် တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်အောင်  နေထိုင်တတ်စေဖို့   ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်။

“ ကချင်ပြည်နယ်မှ နေတဲ့ တခြားလူမျိုးစုတွေ အချင်းချင်းကြားထဲမှ တစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ ဖလှယ်တယ်။ ဘာသာရေးအဖွဲ့အစည်းကြားထဲ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူတာ  တွေ ရှိတယ်။ ဒါတွေကို စကားပြောတဲ့အခါ အဖြေထွက်လာတယ်။ အဓိက ကျမတို့ လုပ်ငန်းစဉ်က  စကားပြောတဲ့ ယဉ်ကျေးမှု ( Dialogue ) ‌ပြောတဲ့ ယဉ်ကျေးမှုတစ်ခုကို ဖော်ထုတ်ပေးတာပါ။ ကျမတို့ က စကားပြောတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် အနိုင်ရဖို့ ပြောကြတယ်။ Dialogue ဆိုတဲ့ သဘောတရားက တစ်ဖက်က ပြောဆိုတာကို နားထောင်တက်ပြီး ကိုယ်အကြောင်းကို ပြောဆိုမှာ အဆင်ပြေချော့မွေလာမယ်။  Community  လူထုထဲ ရှိမှာသာလျှင် ပိုမိုကြီးမားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တက်လှမ်းနိုင်မယ်။ ကျမတို့ ပြည်သူ့လူထုအကြားထဲ တစ်ယောက်နဲ့ တစ်ယောက် အမြင် မကြည်လင်ဘူးဆိုရင် ငြိမ်းချမ်းရေး နောက်တစ်ဆင့်တက်ဖို့ မလွယ်ဘူး။ Community ကြားထဲ တစ်ယောက်နဲ့ တစ်ယောက် သဟဇာတ နေထိုင်နိုင်ဖို့ စကားဝိုင်း လေးကို လုပ်ဆောင်တာ ဖြစ်ပါတယ် “ ဟု  Christian Aid  စီမံကိန်းမန်နေဂျာ အယ်နာဘဲလ် ခင်ဆက်လင်းက ဆိုသည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်သူ့လူထု၏ အသံကို ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အထောက်အကူပြုနိုင်မည်ဟု  လီဆူး အရပ်ဖက် အဖွဲ့အစည်းမှ  ကိုဝေါ်လေး က ပြောသည်။

“  Community Dialogue လုပ်ခြင်းက အင်မတန်မှာ အရေးကြီးတယ်လို့ ကျနော်အနေနဲ့  မြင်တယ် ။ ကျနော်တို့  စကားမပြောကြဘူးဆိုရင် တစ်ဦးနဲ့ တစ်ဦး ခံစားချက် ဘာရှိလဲ ဆိုတာ မသိနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင် တွေ့ဆုံလိုက်ရင် သံသယ ကင်းရှင်းသွားတော့ အပြန်အလှည်နားလည်မှု ၊ ဖြေလျော့မှုတွေ လုပ်နိုင်တယ်။   Community  မှာ လူမျိုးစုတွေ အတူတကွ ယှဉ်တွဲနေထိုင်နိုင်မယ်။ ဒုတိယအချက်က လူထုတွေ့ဆုံဆွေးနွေးမှုအားဖြင့် နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပြည်သူအသံကို ထည့်သွင်းစဉ်းစားနိုင်မယ်။ ကျေးရွာအဆင့် ၊ ပြည်နယ်အဆင့် ၊ ဆွေးနွေးချက်အဖြေက နိုင်ငံတော်ဆွေးနွေးချက်မှာ များစွာအထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်တယ်။ ဒီလို စကားဝိုင်းတွေ အကြိမ်ပေါင်းများစွာ လုပ်ဖို့ လိုအပ်နေဆဲ ဖြစ်တယ်။ ဒီစကားဝိုင်းကနေ ရေရှည်တည့်တံ့တဲ့  ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ် ယုံကြည်ပါတယ် “ ဟု ကိုဝေါ်လေးက ဆိုပါတယ်။

 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly