တီကျစ်ကျောက်မီးသွေး စက်ရုံ အပြီးတိုင်ဖျက်သိမ်းပေးရေးအတွက် ဆန္ဒထုတ်ဖော်မည်

တီကျစ်ကျောက်မီးသွေး စက်ရုံ အပြီးတိုင်ဖျက်သိမ်းပေးရေးအတွက် ဆန္ဒထုတ်ဖော်မည်
၂၀၁၉ ခုနှစ် ဧပြီလအတွင်း ပြုလုပ်ခဲ့သော ဒေသခံများ၏ ဆန္ဒထုတ်ဖော်ပွဲမြင်ကွင်း။ဓာတ်ပုံ - ဖြိုးသီဟချို

ရန်ကုန် ၊အောက်တိုဘာ ၂၃ ။        ။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးစက်ရုံနှင့် ကျောက်မီးသွေး မိုင်း အပြီးတိုင်ပိတ်သိမ်းရန်အတွက် ပင်လောင်းမြို့ရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံအင်အား ၁၀၀၀ ခန့်ပါဝင်သော ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ပင်လောင်းမြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 “ ဆန္ဒထုတ်ဖော်ပွဲ လုပ်ရတာက တီကျစ်စက်ရုံကို  မြန်မာEguadrကုမ္ပဏီကEIA  ဆန်းစစ်တယ်။ ဒီ EIAအစီရင်ခံစာကို ပြည်ထောင်စုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ပို့ထားပြီးသား ၊ ဒီလ အောက်တိုဘာ ၃၀ ရက်နေ့ကျရင်က အကြံပြုချက်တွေ ဖိတ်ခေါ်နေတယ်။ အကြံပြုချက် ကုန်ဆုံးရက်က ၃၀ ရက်နေ့ ဖြစ်တယ်။  Eguadr က ပြုလုပ်ထားတဲ့ EIA အစီရင်ခံစာက နံပါတ် တစ်လုပ်ထုံးလုပ်နည်းတွေနဲ့ လွဲမှားနေတယ်။ Eguadr အစီရင်ခံစာဟာ ကောင်းမွန်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ ကောင်းမွန်တဲ့ အစီရင်ခံစာ မဟုတ်ဘူး။ဆုံးဖြတ်ချက်တဲ့သူတွေကို ဆုံးဖြတ်ချက် မချနိုင်အောင် ဝေဝါးအောင် အဲ့ထဲမှရေးထားတာရှိတယ်။ အစီအရင်ခံစာက ပြည့်စုံကောင်းမွန်နေတာ မဟုတ်ဘူး။နောက်တစ်ချက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တီကျစ်စက်ရုံကို ဥပဒေနဲ့ မညီ ဘဲ စမ်းသပ်လည်ပတ်ခွင့် သက်တမ်းကိုနောက်ထပ်သုံးနှစ်တိုးပေးတဲ့ကိစ္စကို ကျွန်တော်တို့ အနေနဲ့ သဘောမတူဘူး။ အဲ့ဒီကိစ္စတွေက ဥပဒေနဲ့ မညီတဲ့အတွက် လူထုဆန္ဒထုတ်ဖော်ခြင်း ဖြစ်တယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူ ကိုမိုးက  ပြောသည်။

လူထုဆန္ဒထုတ်ဖော်ပွဲအတွက် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄ အရ အောက်တိုဘာ ၂၀ ရက်နေ့က ပင်လောင်းမြို့မရဲစခန်းသို့ လုပ်ထုံးလုပ်နည်းအတိုင်း ငြိမ်းစုစီခွင့်ပြုမိန့် စာတင်အကြောင်းကြားထားကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို တီကျစ် - ပင်လောင် ကားလမ်းမကြီးဘေး ၊ စိုက်ပျိုးရေးရုံးအနီးမှ စတင်၍ တီကျစ်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ ဂိုဒေါင်အရှေ့ အထိလမ်းလျှောက် ချီတက်မည် ဖြစ်ကြောင်း တီကျစ်ကျောက်မီးသွေး စက်ရုံပိတ်သိမ်းရေး၊ ဧဒင်ကျောက်မီးသွေး မိုင်းပိတ်သိမ်းရေး နှင့် ဝူရှီးဟွာကွမ်းကုမ္ပဏီ အလိုမရှိ ၊ ဧဒင်ကုမ္ပဏီ အလိုမရှိ စသည် ကြွေးကြော်သံများကြွေးကြော်ကာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

တီကျစ်ကျောက်မီးသွေး စက်ရုံငှားရမ်းလုပ်ကိုင်ခွင့်အတွက် ၂၂ နှစ်စာချုပ်ဖြင့် တရုတ်ကုမ္ပဏီ ဝူရှီးဟွာကွမ်းကလုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။ တီကျစ်ကျောက်မီးသွေး သတ္တူတွင်းသည် မျက်နှာပြင် ဧက ၅၀၀ အထိ ကျယ်ဝန်းပြီး နေ့စဉ် ကျောက်မီးသွေးတန်ချိန် ၂၀၀၀ ခန့် ထုတ်လုပ် နေသည့် ကျောက်မီးသွေးတွင်းလည်း ဖြစ်သည်။

 ထို့အပြင် ကျောက်မီးသွေး သတ္တုတွင်း စတင်တူးဖော်သည့် ၂၀၁၃ ခုနှစ်တွင် မိုင်းတွင်းနှင့် မလွတ်ကင်းသည့် တောင်လပို့ နှင့် လိုင်ခါးကျေးရွာ ၂ ရွာရှိ လူဦးရေ ၄၀၀ ကျော် ၊ အိမ်ထောင်စု ၇၀ ခန့်မှာ ပြောင်းရွေ့နေထိုင်ခဲ့ရကြောင်း တီကျစ်ကျောက်မီးသွေး သတ္တုတွင်းတူးဖော်မှု နှင့် လျှပ်စစ် ဓါတ်အားပေးစက်ရုံမှ လူထုများအပေါ် ဆိုးကျိုး သက်ရောက်မှုဆိုင်ရာ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

 တီကျစ်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ ပိတ်သိမ်းရေး အတွက်  ၂၀၁၉ ခုနှစ် ၊ ဧပြီ ၆ ရက်နေ့က ဒေသခံ ထောင်ချီ က ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly