ဘင်္ဂါလီဒုက္ခသည် နေရပ်ပြန်မှု အဆင်ပြေစေရေး လုပ်ဆောင်ရန် ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်း

By The Mainichi
21 October 2019
ဘင်္ဂါလီဒုက္ခသည် နေရပ်ပြန်မှု အဆင်ပြေစေရေး လုပ်ဆောင်ရန် ဂျပန်ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်အား တိုက်တွန်း
ဓာတ်ပုံ - Ministry of Foreign Affairs Myanmar

အောက်တိုဘာ ၂၁ ။          ။ ဂျပန်နိုင်ငံမှာ ရောက်ရှိနေလျက်ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂၁ ရက်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ယင်းသို့ တွေ့ဆုံစဉ်မှာ ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) မွတ်ဆလင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အဆင်ပြေစေမည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

“ ရခိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိထားခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ထားတာနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ စစ်တပ်တို့က သင့်တော်တဲ့ လုပ်ဆောင်ချက်တွေ လုပ်ကြရမှာ ဖြစ်ပါတယ်” လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုးကားဖော်ပြပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင် ပြဿနာကို မှန်မှန်ကန်ကန် ကိုင်တွယ်သွားမှာဖြစ်ကြောင်း၊ လိုအပ်သည့် လုပ်ဆောင်ချက်များ လုပ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့တယ်လို့ ယင်းဝန်ကြီးဌာနက ဖော်ပြပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံက ထောက်ခံအားပေးမှာဖြစ်ကြောင်း ကတိပြုသွားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်ဘုရင်ရဲ့ ထီးနန်းတက်ပွဲအခမ်းအနားမှာ ပါဝင်တက်ရောက်ဖို့အတွက် ယင်းနိုင်ငံမှာ ရောက်ရှိနေလျက်ရှိတာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly