အင်ဒိုနီးရှားမှာ သမ္မတဂျိုကိုဝီ သက်တမ်းသစ် ရယူခြင်းအထိမ်းအမှတ် ဧရာမ ကတော့ပုံစံ အစားအသောက် တာဝါ ဖန်တီး

အင်ဒိုနီးရှားမှာ သမ္မတဂျိုကိုဝီ သက်တမ်းသစ် ရယူခြင်းအထိမ်းအမှတ် ဧရာမ ကတော့ပုံစံ အစားအသောက် တာဝါ ဖန်တီး

အောက်တိုဘာ ၂၁။         ။ အင်ဒိုနီးရှားမှာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို ဒုတိယသက်တမ်းသစ် ဆက်ခံရယူခြင်းအထိမ်းအမှတ်အဖြစ် ၎င်းကို ထောက်ခံသူတွေက ဧရာမ ကတော့ပုံ အစားအသောက် တာဝါ တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။

သမ္မတ ဂျိုကိုဝီကို ထောက်ခံသူတွေက အမျိုးအစားစုံလင်တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေကို အသုံးပြုပြီး အမြင့် ၂၃ ပေ ( ခုနစ်မီတာ) ရှိတဲ့ ကတော့ပုံ အစားအသောက် မျှော်စင်တစ်ခုကို ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းကတော့ နိုင်ငံမှာ နာမည်ကျော် ကတော့ (လုံးချွန်) ပုံစံ ဟင်းပွဲတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီကတော့ မြို့တော် ဂျကာတာမှာ ၎င်းရဲ့ ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ယင်း အထိမ်းအမှတ်အဖြစ် ဖန်တီးထားတဲ့ အစားအသောက် မျှော်စင်အနီးမှာ ဂျိုကိုဝီ ထောက်ခံသူတွေ တစ်ပျော်တစ်ပါးနဲ့ သီဆိုကခုန်ခဲ့ကြပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly