မန်ယူနိုက်တက်ရဲ့ ဂိုးကို ခွင့်ပြုခဲ့လို့ VAR အပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့တဲ့ ကလော့ပ်

မန်ယူနိုက်တက်ရဲ့ ဂိုးကို ခွင့်ပြုခဲ့လို့ VAR အပေါ် စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့တဲ့ ကလော့ပ်

တနင်္ဂနွေနေ့က လီဗာပူးလ်အသင်းက မန်ချက်စတာယူနိုက်တက်ကို (၁-၁)ဂိုးနဲ့ သရေကျတဲ့ပွဲမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးကို ခွင့်ပြုခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း ယာဂန် ကလော့ပ်က ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်တို့ဟာ ပရီးမီးယားလိဂ် (၁၈)ပွဲဆက် နိုင်ပွဲစံချိန်မှတ်တမ်းလိုက်မီဖို့ (၁)ပွဲသာ လိုအပ်ပေမယ့်လည်း ဒီပွဲရလဒ်ကြောင့် ရည်မှန်းချက် ကျိုးပျက်ခဲ့ရပါတယ်။

ကလော့ပ်ကတော့ ရက်ရှ်ဖို့ဒ်ရဲ့ ပထမပိုင်း (၃၆)မိနစ် အဖွင့်ဂိုးမရခင် Bulid-up မှာ လင်ဒီလော့ဖ်က အိုရီဂီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ဆုံးတော့ ရက်ရှ်ဖို့က ဘောလုံးကို အနီးကပ်ပိတ်သွင်းယူခဲ့ပြီး VAR က ပြန်လည်စစ်ဆေးပေမယ့် ဂိုးအဖြစ် ခွင့်ပြုခဲ့ပါတယ်။ အိုရီဂီကို ပြစ်ဒဏ်ကျူးလွန်းမှုရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ်ခွင့်ပြုခဲ့တဲ့ VAR ရဲ့ ဆုံးဖြတ်ချက်အပေါ် ကလော့ပ်က ဒေါသထွက်ခဲ့ပါတယ်။

"သူတို့ ဂိုးတစ်ဂိုးသွင်းယူခဲ့တယ်။ ဒါကို VAR နဲ့ ပြဿနာအားလုံးကို ပြပါတယ်။ မစ္စတာ အက်ကင်ဆန်က ပွဲကို ဆက်ကစားစေခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရမှာ VAR ရှိတယ်ဆိုတာ ကျနော် သေချာပါတယ်။ ကျနော့်အတွက်တော့ ဒါဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုတာ ရှင်းပါတယ်။"လို့ ကလော့ပ်က ပြောပါတယ်။

"လင်ဒီလော့ဖ်က အိုရီဂီ လဲချခဲ့တယ်ဆိုတာ ရှင်းလင်းလင်းမြင်ခဲ့ပါတယ်။ နောက်တော့ သူတို့ဟာ ဘောလုံးကို သယ်ယူသွားပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။

"သူတို့ (ယူနိုက်တက်)က ဒါဟာ 'ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမဟုတ်ဘူး'လို့ ပြောမယ်ဆိုတာ သေချာပါတယ်။ VAR က အလုပ်မဖြစ်ပါဘူး။ ဒါမဖြစ်သင့်ရုံတင် မကပါဘူး။"လို့ သူက ပြောသွားပါတယ်။

ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်ကတော့ ဒီဖြစ်ရပ်ကို အနီးကပ်မြင်တွေ့ခဲ့တာဖြစ်ပေမယ့် ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ ယူဆခဲ့တဲ့အတွက် ပြစ်ဒဏ်ဘောသတ်မှတ်ပေးခြင်း မရှိတာဖြစ်ပါတယ်။

ယာဂန်ကလော့ပ်အနေနဲ့ အိုးထရက်ဖို့ဒ်ကွင်းဆီ လာရောက်ကစားခဲ့တဲ့ (၅)ပွဲစလုံး နိုင်ပွဲပျောက်ဆုံးတာလည်းဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly