မန္တလေးမြို့တွင် ဖက်ဒရယ်စနစ်အခြေခံ သဘောတရားများ ဆွေးနွေးပွဲ ပြုလုပ်

မန္တလေးမြို့တွင် ဖက်ဒရယ်စနစ်အခြေခံ သဘောတရားများ ဆွေးနွေးပွဲ ပြုလုပ်
(ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ )

မန္တလေး အောက်တိုဘာ ၂၁။          ။ ဖက်ဒရယ်စနစ်အခြေခံ သဘောတရားများ သိရှိနားလည်နိုင်ရေးဆွေးနွေးပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၂၂လမ်း ၈၉လမ်းနှင့် ၉၀လမ်းကြားရှိ Ice Land Hotelတွင် ပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ နှင့် Federal Training Team(FTT)တို့က ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့မှ၂၂ရက်နေ့အထိ ပြုလုပ်သွားမည်ဟု သိရသည်။

"ပြည်သူလူထုအတွင်းမှာ ဖက်ဒရယ်ဆိုတဲ့ အသိတရားတွေ မူဝါဒတွေ အယူအဆတွေ သိရှိအောင် အခုလို လုပ်ပါတယ်။"ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးကျော်ကျော်စိုးကပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်၏ အခြေခံများ ဖက်ဒရယ်စနစ်နှင့်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မတူကွဲပြား မှုများကို စီမံခန့်ခွဲခြင်း လူနည်းစုအခွင့်အရေးများကို အကာအကွယ်ပေးခြင်း လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေခြင်း ဖက်ဒရယ်စနစ်တွင် ဘဏ္ဍာငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း စသည်တို့ ဆွေးနွေးသွားကြမည်ဖြစ်သည်။

"ဖက်ဒရယ် နိုင်ငံတွေမှာ စုံလင်ကွဲပြားလှတဲ့ မတူကွဲပြားမှုပေါင်းစုံ လူမျိုးအရ စသည်ဖြင့် အဲဒီမတူကွဲပြားမှုပေါင်းစုံကို ဖယ်ဒရယ်နိုင်ငံတွေမှာ ဘယ်လိုစီမံခန့်ခွဲမှု လုပ်သလဲဆိုတဲ့ အကြောင်းအရာတွေကိုလည်း ဆွေးနွေးမယ်။"ဟုFederal Training Team(FTT)မှတာဝန်ရှိသူတစ်ဦးကေြပာသည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေးအင်အားစုများ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ေကျာက်ဆည်၊ စဉ့်ကိုင်၊ ပုသိမ်ကြီး ၊ ပြင်ဦးလွင် စသည့်မြို့နယ်များမှ ဖိတ်ကြားထားသည့် ဒေသခံတစ်ချို့ တက်ရောက်ခဲ့ကြသည်။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly