ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်း

ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဖွဲ့စည်း

ရန်ကုန် ၊အောက်တိုဘာ ၂၀ ။          ။ ရန်ကုန်မြို့တွင်  စွန်ပစ်ကလေးငယ်များ များပြားလားခြင်းနှင့်အတူ  မိဘမဲ့ကလေးငယ်များနှင့်  တစ်ကိုယ်တည်းမိခင် အရေအတွက်ကို လျော့ချ၊ စောင့်ရှောက်နိုင်ရေးအတွက် ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းကို တိုင်းဒေသကြီးနှင့်  ခရိုင်အလိုက် အောက်တိုဘာလ ၁၈ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ေရှာက်ရေး အသင်းရုံးခန်းကို တောင်ဥက္ကလာမြို့နယ် ရတနာလမ်းတွင် ယမန့်နေ့က ဖွင့်လှစ်ခဲ့ပြီး  ရုံးခန်းဖွင့်ပွဲကို  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ဇနီး အသင်းဖြစ်မြောက်ရေးကော်မတီဝင် ဒေါ်ခင်မိမိကြွယ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

လာမည့်စက်တင်ဘာလအတွင်း မြန်မာနိူင်ငံတဝှမ်းရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများတွင်  မျိုးဆက်ပွားကျန်းမာရေးနှင့် ပတ်သတ်သည့်  အသိပညာပေးဆွေးနွေးပွဲများကို ပထမအဆင့်အနေဖြင့် ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

 “စောင့်ရှောက်ခံနေရတဲ့ ကလေးတွေရှိသလို လမ်းပေါ်ရောက်နေတဲ့ကလေးတွေလည်း ရှိပါတယ်။ အဲဒီအထဲကမှ လမ်းပေါ်ရောက်နေတဲ့ကလေးတွေနဲ့ အချို့သောကလေးများဟာ ကလေးသူငယ်အခွင့်အရေးများ ပျောက်ဆုံးနေကြရပါတယ်” ဟု  ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ဇနီး အသင်းဖြစ်မြောက်ရေးကော်မတီဝင် ဒေါ်ခင်မိမိကြွယ်က ပြောသည်။

လက်ရှိတွင် စွန်ပစ်ကလေးငယ်များပြားလာခြင်းနှင့် ပတ်သတ်ပြီး မိဘမဲ့ဂေဟာများနှင့် ကလေးဆေးရုံအချို့တွင်  သုတေသနလုပ်နေကြောင်း ရင်ခွင်မဲ့ ကလေးငယ်များ လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြသီတာကပြောသည်။

မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့်ကာကွယ်စောင့်ေရှာက်ရေးအသင်းကို မြန်မာနိုင်ငံ အနှံတွင်  ရုံးခွဲ(၇)ခုဖြင့် ဖွဲ့စည်းထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly