အောက်တိုဘာ ၂၀ ။ ။ အီဂျစ်နိုင်ငံ Luxor မြို့မှာ တူးဖော်တွေ့ရှိထားခဲ့တဲ့ အတွင်းဘက်မှာ မမ်မီတွေပါတဲ့ သစ်သား ခေါင်းတလားအလုံး ၃၀ ကို အောက်တိုဘာ ၁၉ ရက်မှာ အများပြည်သူကို ထုတ်ဖော်ပြသခဲ့ပါတယ်။
ဒီလို ရှေးဟောင်း ခေါင်းတလား အလုံး ၃၀ ကျော် တွေ့ရှိမှုကတော့ ရာစုနှစ်တစ်စုကျော်ကြာကာလအတွင်း ယင်းပုံစံအတိုင်း အကြီးဆုံး တွေ့ရှိမှုလည်း ဖြစ်ပါတယ်။
အဆိုပါ ကာလာစုံခေါင်းတလားတွေကို အီဂျစ် ရှေးဟောင်းသုတေသနပညာရှင်များက Luxor မြို့ အနောက်ဘက်ကမ်းက Al-Asasif သုဿာန်မှာ တူဖော်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။
ယင်း ခေါင်းတလား အစုအဖွဲ့ထဲမှာတော့ အမျိုးသား၊ အမျိုးသမီး၊ ကလေး မမ်မီတွေ ပါဝင်နေတယ်လို့ ရှေးဟောင်းပစ္စည်း ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အတွင်းမှာ မမ်မီတွေ ထည့်ပိတ်ထားတဲ့ အဆိုပါ ဆေးရောင်ခြယ် ခေါင်းတလားတွေကတော့ နှစ်သက်တမ်းပေါင်း ၃,၀၀၀ ကျော်လောက် ရှိနေပြီဖြစ်ကြောင်း၊ သို့ပေမယ့် ပျက်စီးယိုယွင်းမှု သိပ်မရှိဘဲ မူလနီးပါးအတိုင်း ကောင်းမွန်တဲ့ အခြေအနေမှာ ရှိနေကြောင်း အီဂျစ် ဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။
ယခု ခေါင်းတလားတွေကိုတော့ ပြုပြင်ထိန်းသိမ်းမှုတွေ ဆက်လုပ်သွားမှာဖြစ်ပြီး ယင်းနောက် Grand အီဂျစ်ပြတိုက်ကို ရွှေ့ပြောင်းထားရှိမယ်လို့ သိရပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/