တက်ကြွလှုပ်ရှားသူများ တိုက်ခိုက်ခံရပြီးနောက် ဟောင်ကောင်ဆန္ဒပြသူထောင်နှင့်ချီ မြို့တွင်း၌ စုရုံးချီတက်

တက်ကြွလှုပ်ရှားသူများ တိုက်ခိုက်ခံရပြီးနောက် ဟောင်ကောင်ဆန္ဒပြသူထောင်နှင့်ချီ မြို့တွင်း၌ စုရုံးချီတက်

အောက်တိုဘာ ၂၀ ။         ။ ကြီးမားသည့် ဟောင်ကောင်ဒေသခံ လူအုပ်စုကြီးသည် အောက်တိုဘာ ၂၀ ရက်တွင် ရဲတပ်ဖွဲ့၏ သတိပေးမှုကို ဖီဆန်ပြီး ခွင့်ပြုချက် မရရှိဘဲ စုရုံးချီတက်ခဲ့ကြပြန်သည်။

ယင်းသည် မကြာမီ ရက်ပိုင်းက  တက်ကြွလှုပ်ရှားသူ နှစ်ဦး ဓားထိုး ရိုက်နှက်ခံရသည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့မှုအပေါ် မကျေနပ်ဘဲ ဒေါသထွက်နေသော လူအုပ်စုကြီးက ယခုကဲ့သို့ စုရုံးချီတက်ခဲ့ကြခြင်း ဖြစ်သည်။

နာမည်ကျော် ဖက်ရှင်စတိုးများ၊ ဟိုတယ်များ ရှိနေသည့် လူနေထူထပ်သော စျေးဝယ်အရပ်ဒေသ ဆင်မ်ရှာဆွေတွင် ချီတက်ဆန္ဒပြမှုကို အာဏာပိုင်များက ပိတ်ပင်ထားခြင်းဖြစ်သည်။ အများပြည်သူကို အကြမ်းဖက်ဆန္ဒပြသမားများ၏ ရန်မှ ကာကွယ်ပေးနိုင်ရန် အကြောင်းပြချက်ဖြင့် တားမြစ်ထားခြင်း ဖြစ်သည်။

သို့သော် အောက်တိုဘာ ၂၀ ရက်တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသမားများသည် အာဏာပိုင်တို့၏ ပိတ်ပင်ချက်ကို အံတုကာ ယင်းအရပ်ဒေသတွင် ခွင့်ပြုချက်မရဘဲ စုရုံးချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဟောင်ကောင်တွင် ငါးလတာနီးပါးကြာ စုရုံးချီတက်မှုများ၊ နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်နေခဲ့ပြီးနောက် အာဏာပိုင်တို့အနေဖြင့် ဖိအားများအောက် ကျရောက်နေလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly