အာဆင်နယ်ကို ၁၉ နှစ်နည်းပြပြီးနောက် ပရီးမီးယားလိဂ်ဖလားကို ရယူရန် ပိုမိုတက်ကြွနေဟု အာစင်ဝင်းဂါးဆို

အာဆင်နယ်ကို ၁၉ နှစ်နည်းပြပြီးနောက် ပရီးမီးယားလိဂ်ဖလားကို ရယူရန် ပိုမိုတက်ကြွနေဟု အာစင်ဝင်းဂါးဆို

လန်ဒန်၊ အောက်တိုဘာ ၁၇ ။             ။ အာဆင်နယ်အသင်းကို ၁၉ နှစ်ကြာကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ဆုဖလားကို ပြန်လည်ရယူနိုင်ရန် ယခင်ကထက် ပိုမိုစိတ်အားတက်ကြွလျက်ရှိနေကြောင်း အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

အာစင်ဝင်းဂါးက ၎င်း၏အသင်းအနေဖြင့် ယခုနှစ်တွင် ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူနိုင်မည်ဟု ယုံကြည်လျက်ရှိနေပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ အာဆင်နယ်အသင်းတွင် ဆက်ရှိနေဦးမည်ဟု ဆိုသည်။

'ကျွန်တော်တို့အသင်း ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရနိုင်မလားလို့ ခင်ဗျားတို့မေးချင်နေတယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံပြိုင်ပွဲထဲကို ပြန်ရောက်လာပါပြီ။ အကောင်းဆုံးအခွင့်အရေးလည်း ရှိနေပါတယ်။ အသင်းရဲ့ အခွင့်အရေးဖန်တီးမှုတွေ၊ ပြိုင်ဘက်အပေါ်လွှမ်းမိုးခြိမ်းခြောက်နိုင်မှုတွေနဲ့ ပေးထားရတဲ့ ဂိုးအရေအတွက်တွေက အကောင်းဆုံး သက်သေတွေပါပဲ။ ငွေကြေးသုံးစွဲတာနဲ့ ပတ်သက်ပြီး အာဆင်နယ်အသင်းမှာ  ဘာမှ စိုးရိမ်ကြောင့်ကြစရာ မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို အဆိုးမြင်မှုတွေ ရှိတယ်ဆိုတာသိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သုံးနှစ်ကတည်းက မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုအတွက် ငွေသုံးစွဲခဲ့ပြီးပါပြီ။ အာဆင်နယ်ကို ၁၉ နှစ်ကြာနည်းပြခဲ့ပြီးတဲ့နောက် ဒီနှစ်မှာ အရင်ကထက် ပရီးမီးယားလိဂ်ဖလားကို ပြန်ရယူဖို့ စိတ်အားထန်သန်နေပါတယ်' ဟု ဝင်းဂါးက ပြောသည်။

Ref ;  ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly