ရုရှားက ရွှေတွင်းတစ်ခုမှာ ဆည်ပြိုကျမှုဖြစ်ပြီးနောက် သေဆုံးသူ ၁၅ ဦးထိ ရှိလာ

ရုရှားက ရွှေတွင်းတစ်ခုမှာ ဆည်ပြိုကျမှုဖြစ်ပြီးနောက် သေဆုံးသူ ၁၅ ဦးထိ ရှိလာ

အောက်တိုဘာ ၂၀ ။        ။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ ရွှေသတ္ထုတွင်းတစ်ခုမှာ အောက်တိုဘာ ၁၉ ရက်က ဆည်ပြိုကျမှုဖြစ်ခဲ့ပြီးနောက် လူ ၁၅ ဦးအထိ သေဆုံးခဲ့ပြီး အခြား လူ ခြောက်ဦးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

တရားမဝင် တည်ဆောက်ထားတဲ့ ဆည်ပြိုကျမှုကြောင့် ခုလို လူအများအပြား သေဆုံးခဲ့ခြင်းက ရုရှားနိုင်ငံမှာ နောက်ထပ် ကြုံတွေ့လိုက်ရတဲ့ လူသေဆုံးမှုများတဲ့ မတော်တဆမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဆိုက်ဘေးရီးယားဒေသ ခရက်စ်နိုယာ့စ်ခ်ရှိ စိန်ဘာမြစ်အနီးက ဆည်ပြိုကျခဲ့ပြီးနောက် ရွှေတွင်းလုပ်သားတွေ နေထိုင်တဲ့ တဲတွေအပေါ် ရေတွေဖုံးလွှမ်းသွားခဲ့တာဖြစ် ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၉ ရက် အစောပိုင်းက ရှချီတင်ကီနို ကျေးရွာအနီးက သတ္ထုစခန်းတစ်ခုက တဲ့ငယ်လေးတွေထဲမှာ အလုပ်သမားတွေ အနားယူအိပ်စက်နေကြချိန် ခုလို အေးခဲတဲ့ ရွှံ့နှစ်ရည်တွေ ရုတ်တရက် ဖုံးလွှမ်းခံလိုက်ရတာဖြစ်ပါတယ်။။

ယင်းဖြစ်ရပ် ဖြစ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ညလုံးပေါက်လုပ်ဆောင်ခဲ့ပြီး  ပျောက်ဆုံးနေသူတွေကို ရှာတွေ့ဖို့အတွက် ဆက်လက်ကြိုးပမ်းနေလျက်ရှိကြောင်း အရေးပေါ်ကယ်ဆယ်ရေး ဝန်ကြီးဌာနရဲ့ ယင်းဒေသဆိုင်ရာ ဌာနခွဲက ပြောရေးဆိုခွင့်ရှိသူ အယ်လ်ယိုနာ အလက်ခ်ရှီနာက ပြောသွားပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly