ချီလီမှာ အကြမ်းဖက်ဆန္ဒပြမှုများကြောင့် အစိုးရက ကာဖျူးအမိန့် ထုတ်ပြန်

ချီလီမှာ အကြမ်းဖက်ဆန္ဒပြမှုများကြောင့် အစိုးရက ကာဖျူးအမိန့် ထုတ်ပြန်

အောက်တိုဘာ ၂၀ ။           ။ ချီလီနိုင်ငံမှာ မြေအောက်ရထားလက်မှတ်ခတွေ တိုးမြှင့်မှုအပေါ် မကျေနပ်ရာကနေ စဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေက ပိုမို ပြင်းထန်ဆိုးဝါးလာခဲ့ပြီးနောက် အစိုးရက နိုင်ငံမှာ  အရေးပေါ်အခြေအနေတစ်ရပ် ယမန်နေ့ အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ရပါတယ်။

အဆိုပါ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားခဲ့ပြီးနောက် အခြေအနေတွေက ပိုမို ဆိုးဝါးလာခဲ့တဲ့အတွက် ယင်းနေ့မှာပဲ မြို့တော် ဆန်တီယာဂိုမှာ ညမထွက်ရ ကာဖျူးအမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရပြန်ပါတယ်။

နိုင်ငံမှာ ဖြစ်နေတဲ့ မငြိမ်မသက်မှုတွေ ပြန်လည် တည်ငြိမ်လာစေရေးအတွက် ခုလို ကာဖျူးအမိန့်ထုတ်ပြန်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ဆန်တီယာဂိုမြို့ လုံခြုံရေးကို ကြီးကြပ်တာဝန်ယူနေတဲ့ ချီလီစစ်တပ်က ဗိုလ်ချုပ်ကြီး ဟာဗီးယား အီတာရီရာဂါက ပြောသွားပါတယ်။

တစ်ချိန်တည်းမှာပဲ ဆန္ဒပြပွဲတွေကို ပေါ်ပေါက်စေခဲ့တဲ့ မြေအောက် မီးရထားလက်မှတ်ခ တိုးမြှင့်မှုကိုလည်း ယခုအခါ ချီလီ သမ္မတ ဆီဘတ်ရှန် ပီညဲရားက ဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

အစိုးရက အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပေမယ့် ဆန္ဒပြမှုတွေက ဆက်လက်ပေါ်ပေါက်နေခဲ့တာဖြစ်ပြီး မြို့တော် ဆန်တီယာဂိုမှာတော့ စစ်သားတွေ၊ တင့်ကားတွေကို ဖြန့်ကျက်ထားပါတယ်။

ချီလီမှာ ယခု ဖြစ်ပေါ်နေခဲ့တဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေကတော့ ဆယ်စုနှစ်တွေအတွင်း အဆိုးဝါးဆုံးဖြစ်ကြောင်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly