လက်ရှိရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးရလိမ့်မည်ဟု နည်းပြဟောင်း မန်စီနီခန့်မှန်း

လက်ရှိရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးရလိမ့်မည်ဟု နည်းပြဟောင်း မန်စီနီခန့်မှန်း

အောက်တိုဘာ ၁၇၊ မီလန် ။          ။ လက်ရှိရာသီ ပရီးမီးယားလိဂ်ဆုဖလားကို မန်စီးတီးအသင်း ရရှိသွားလိမ့်မည်ဟု နည်းပြဟောင်း မန်စီနီက ခန့်မှန်းပြောဆိုလိုက်သည်။

အင်တာမီလန်နည်းပြ မန်စီနီသည် လက်ရှိပယ်လီဂရီနီကိုင်တွယ်နေသည့် မန်စီးတီးအသင်းကို နှစ်ပေါင်း ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် ၂၀၁၁-၁၂ ပရီးမီးယားလိဂ်ဖလား ရယူပေးခဲ့သူဖြစ်သည်။

မန်စီးတီးကိုကိုင်တွယ်သည့်သုံးနှစ်အတွင်း အက်ဖ်အေဖလားကိုလည်းရယူပေးခဲ့ဖူးသည့် မန်စီနီက "ကျွန်တော်တို့ဗိုလ်စွဲမယ်ထင်တယ်၊ မန်စီးတီးဗိုလ်စွဲလိမ့်မယ်"ဟု ဘီဘီစီသို့ ပြောသည်။

ပရီးမီးယားလိဂ်ဖလားရယူပြီး တစ်နှစ်တိတိအကြာတွင် မန်စီးတီးအသင်းမှထုတ်ခံရပြီး တူရကီကလပ် ဂါလာတာစာရေးအသင်းကို ခဏတာ ကိုင်တွယ်ခဲ့သည့် မန်စီနီသည် လက်ရှိတွင် အင်တာမီလန် အသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ကိုင်တွယ်နေသည်။

"မန်ချက်စတာမှာ ကျွန်တော်လုပ်နိုင်ခဲ့တာတွေအပေါ် တကယ်ပဲဂုဏ်ယူခဲ့ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်များစွာကြာနေတဲ့ အဲဒီက အခြေအနေကို ကျွန်တော်တို့ပြောင်းလဲနိုင်ခဲ့ကြတယ်။ ခုနစ်နှစ်၊ ရှစ်နှစ်လောက်တုန်းက သူတို့ဟာ တန်းဆင်းဇုန်ထဲမှာ၊ ဒါမှမဟုတ် အလယ်အ လတ်နေရာမှာသာ ကစားခဲ့ရတယ်။ လွန်ခဲ့တဲ့ လေး၊ ငါးနှစ်အတွင်းမှာတော့ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်းဖြစ်လာခဲ့ တယ်"ဟု မန်စီနီက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly