သံတောင်ကြီးမြို့က သံတောင်သူကော်ဖီအကြောင်း

19 October 2019
သံတောင်ကြီးမြို့က သံတောင်သူကော်ဖီအကြောင်း

ကရင်ပြည်နယ်မြောက်ဖျားပိုင်းမှာတည်ရှိတဲ့သံတောင်ကြီးမြို့ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့တောင်ပေါ်မြို့တစ်မြို့ဖြစ်ပါတယ်။ ဒီသံတောင်ကြီးမြို့မှာနေထိုင်တဲ့အမျိုးသမီးတွေဟာတပိုင်တနိုင်အိမ်တွင်းလုပ်ငန်းတွေနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေကိုလုပ်ကိုင်ကြသလိုသံတောင်သူအမျိုးသမီးတွေစုပေါင်းလုပ်ကိုင်နေတဲ့သံတောင်သူကော်ဖီလုပ်ငန်းတစ်ခုလည်းသံတောင်ကြီးမြို့မှာရှိပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေတဲ့ဒေသခံအမျိုးသမီးတွေအလုပ်အကိုင်ရရှိလာစေဖို့သံတောင်သူကော်ဖီလုပ်ငန်းကို၂၀၁၇ခုနှစ်မှာစတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီးအခုဆိုင်ရင်အဖွဲ့ဝင်၂၀၀ကျော်နဲ့လည်ပတ်နေတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ရိုက်ကူး /တင်ဆက်-နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly