အဆိုတော် ဆိုတေး၏ မင်္ဂလာပါ ဆိုတေး DVD အခွေ နိုဝင်ဘာ ၁ ရက်တွင် ထွက်ရှိမည်

အဆိုတော် ဆိုတေး၏ မင်္ဂလာပါ ဆိုတေး DVD အခွေ နိုဝင်ဘာ ၁ ရက်တွင် ထွက်ရှိမည်

ရန်ကုန်၊ အောက်တိုဘာ ၁၇ ။         ။ အဆိုတော် ဆိုတေး၏ တစ်ကိုယ်တော် တေးအယ်ဘမ် မင်္ဂလာပါ ဆိုတေး DVD အခွေကို နိုဝင်ဘာ ၁ရက်တွင် Bo Bo Music Production မှ ထုတ်လုပ် ဖြန့်ချိ သွားမည် ဖြစ်သည်။

မင်္ဂလာပါ ဆိုတေး Audio CD အခွေကို ၂၀၁၄ ခုနှစ်တွင် ထွက်ရှိ ခဲ့ပြီး ယခု DVD အခွေကိုတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခြင်း ဖြစ်သည်။

ထို DVD အခွေတွင် ဒါရိုက်တာများ အဖြစ် ဇေပါ၊ သီဟ(Dyno)၊ ကိုနိုင်ဇော်( Lazy Club)၊ ရဲမင်းသူ (Iris) တို့အပြင် သရုပ်ဆေင်များစွာက ပါဝင်ရိုက်ကူးပေးထားသည်။

တေးသီချင်း ၁၃ပုဒ် ပါဝင်ပြီး အဆိုတော် ဆိုတေး ကိုယ်တိုင် ရေးသားထားကာ Featuring အဆိုရှင် အဖြစ် ဖြိုးAက မှ ပါဝင် သီဆို ပေးထားပြီး Lazy Club ၊ Hi-bird ၊ ကိုနိုင်ဇော် ၊ DJ Wyne ၊ ကိုမျိုးဇော်ထက် တို့မှ တီးခတ်ပေးထားသည်။

အဆိုတော် ဆိုတေး က " ဒီအခွေမှာ သရုပ်ဆောင်တွေလည်း အများကြီးပါတယ်။ အကောင်းဆုံးလည်း ရိုက်ကူးထားပါတယ်။ ကိုနိုင်ဇော် နဲ့ အမြန်လမ်းမှာ ရိုက်ထားတဲ့ သီချင်းလေးဆို သဘောကျတယ်။ အကောင်း ဆုံးတော့ ကြိုးစား ထားပါတယ်" ဟု ပြောသည်။

အခွေ ထွက်ရှိသည့် နိုဝင်ဘာ ၁ရက်တွင် ကန်တော်မင်္ဂလာ ပန်းခြံရှိ Happy World ကစားကွင်း၌ နေ့လည် ၁နာရီ မှ ၃နာရီ အထိ အဆိုတော် ဆိုတေး နှင့် အတူ အခွေတွင် ပါဝင်သည့် အနုပညာရှင်များမှ အမှတ်တရ လက်မှတ်ထိုး ရောင်းချ ပေးသွားမည် ဖြစ်သည်။

အဆိုတော် ဆိုတေးသည် “ မီးအိမ်ရှင်” တေးစီးရီး နှင့် ဂီတလောကထဲ ရောက်ရှိ လာခဲ့ပြီး ၎င်း၏ တေးသီချင်း အေးအေးလေးတွေကြောင့် ပရိသတ် အားပေးမှု ရရှိထားသည့် အဆိုတော် တစ်ဦးလည်း ဖြစ်သည်။

မင်္ဂလာပါ ဆိုတေး DVD အခွေ ထွက်ရှိပြီးပါက အဆိုတော် နီတာ၊ ဒီဖြိုး တို့နှင့် သုံးယောက်ပေါင်း အခွေ ထွက်ရှိရန် စီစဉ် ထားပြီး ၎င်း၏ တစ်ကိုယ်တော် အခွေအသစ် ထွက်ရှိရန် အတွက်လည်း ပြင်ဆင် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly