မူးယစ်ဆေးဝါးနှင့်အရက်သေစာသောက်စားထားသူက စိတ်ဖောက်ပြန်ကာ ကလေးငယ်တစ်ဦးကို ရိုက်သတ်

မူးယစ်ဆေးဝါးနှင့်အရက်သေစာသောက်စားထားသူက စိတ်ဖောက်ပြန်ကာ ကလေးငယ်တစ်ဦးကို ရိုက်သတ်
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကျွန်းစု၊ အောက်တိုဘာ (၁၉)။        ။ ကျွန်းစုမြို့နယ်၊တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်းဆေးကျေးရွာတွင် အောက်တိုဘာလ (၁၈) ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးနှင့်အရက်သေစာသောက်စားထားသူက စိတ်ဖောက်ပြန်ကာ ကလေးငယ်တစ်ဦးကို ရိုက်သတ်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မင်းခေါင်းဆေးကျေးရွာမှ ရာအိမ်မှူး ဦးခင်ဦးထံမှ သိရသည်။

အသက်(၅) နှစ်အရွယ်ရှိ မ……သည်၊ အိမ်နီးချင်းနေအိမ်တွင် ကလေးငယ်များနှင့်အတူ သွားရောက် ဆော့ကစားစဉ် အိမ်ရှင်ဖြစ်သူ ဦးအောင်မြင့်စိုးမှမူးယစ်ဆေးဝါးနှင့်အရက်သေစာများ သောက်စား ထားကာ စိတ်ဖောက်ပြန်ပြီး သစ်သားပြားဒုတ်ချောင်းဖြင့်ရိုက်နစ်ခဲ့ခြင်း ဖြစ်သည်ဟု မင်းခေါင်းဆေး ကျေးရွာမှ ရာအိမ်မှူးဦးခင်ဦးက ဆိုသည်။

ထိုသို့ ရိုက်နှက်ခံရမှုကြောင့် အသက် (၅) နှစ်အရွယ်ရှိ မ…..သည်၊ ဦးခေါင်းကွဲအက်ဒဏ်ရာဖြင့် မြိတ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသစဉ် အောက်တိုဘာလ (၁၈)ရက်၊ည ၈ နာရီ ၂၀ မိနှစ်ခန့်က သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စအတွက် ဦးအောင်မြင့်စိုးအား ကျွန်းစုမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly