ဘာစီလိုနာမှာ နေမာ ပြန်လာမှာကို အလိုမရှိသူအချို့ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ မက်ဆီ

ဘာစီလိုနာမှာ နေမာ ပြန်လာမှာကို အလိုမရှိသူအချို့ရှိတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ မက်ဆီ
Photo: EPA

မက်ဆီက ဘာစီလိုနာမှာရှိတဲ့ တချို့သော သူတွေဟာ နေမာ အသင်းဆီပြန်လာမှာကို မလိုလားကြဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ ခက်ခဲခဲ့ရတယ်လို့ ဘာစီလိုနာအသင်းခေါင်းဆောင်က ဆိုပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းနဲ့ ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့သွားခဲ့ပြီး (၂)နှစ်အကြာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလတုန်းကတော့ နူးကမ့်မြေကို ပြန်လာနိုင်ဖို့ ကိုယ်တိုင်အစွမ်းကုန် အားထုတ်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက နေမာကို ပြန်လည်ခေါ်ယူဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ လီဂူးဝမ်းချန်ပီယံအသင်းက ကစားသမားကို ထိန်းသိမ်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

"သူ့ကို ပြန်ခေါ်ယူဖို့က ခက်ခဲပါတယ်။"လို့ မက်ဆီက Buenos Aires ရေဒီယိုလိုင်း Metro 95.1 ကို ပြောဆိုခဲ့ပါတယ်။

"ပထမဆုံး ပီအက်စ်ဂျီကနေ သူထွက်ခွာလာဖို့က ခက်ခဲပါတယ်။ ဒုတိယအချက်က သူဘာလို့ အသင်းက ထွက်ခွာသွားခဲ့ရတာလဲပေါ့။

"ကလပ်အသင်းက လူတွေနဲ့ အဖွဲ့ဝင်တွေက သူပြန်လာမှာကို မလိုလားကြပါဘူး။

"ဒါက အားကစားအတွက်ဖြစ်မယ်ဆိုရင်တော့ နေမာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ ဒါပေမယ့် တခြားအချက်တွေကို စဉ်းစားရမယ့် အရာတွေရှိတယ်ဆိုတာကိုလည်း ကျနော် နားလည်ပါတယ်။"လို့ ပြောဆိုသွားပါတယ်။

မက်ဆီ၊ နေမာနဲ့ ဆွာရက်ဇ်တို့ဟာ MSN တိုက်စစ်အဖြစ် ဥရောပမှာ အကောင်းဆုံးတိုက်စစ်အတွဲတစ်ခုအဖြစ် သတ်မှတ်ခံထားရ တဲ့ တိုက်စစ်အတွဲဖြစ်ခဲ့ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly