စပိန်ကနေ ကက်တလန်ဒေသ ခွဲထွက်ရေး လူသန်းဝက်ကျော် ဆန္ဒပြရာ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွား

စပိန်ကနေ ကက်တလန်ဒေသ ခွဲထွက်ရေး လူသန်းဝက်ကျော် ဆန္ဒပြရာ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွား

ဘာစီလိုနာ၊ အောက်တိုဘာ ၁၉။            ။ ကက်တလန်ဒေသ ခွဲထွက်ရေး ခေါင်းဆောင်ကိုးဦးကို စပိန်နိုင်ငံက ဖမ်းဆီးထောင်ချလိုက်ခြင်းကြောင့် လူသန်းဝက်ကျော် ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်လာပါတယ်။

အဲဒီ ဆန္ဒပြမှုတွေရဲ့ လူအုပ်လိုက် စုရုံးချီတက်မှုတွေရဲ့ ဘေးပန်းမှာ မျက်နှာဖုံးတပ် လူငယ်တွေဟာ စိတ်ဆိုးဒေါသထွက်ကြပြီး ရဲနဲ့ ထိပ်တိုက်တွေ့မှုတွေလည်း ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ချမ်းသာတဲ့ ကက်တလန်ဒေသမှာ လွတ်လပ်ရေး တောင်းဆိုပြီး လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြကြစဉ်မှာပဲ တနင်္လာနေ့မှာ ခွဲထွက်ရေး ခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တဲ့ စီရင်ချက်က လူထုကို ပိုပြီး မကျေမနပ် ဖြစ်စေရာကနေ ခုလို အကြီးစား စုရုံးချီတက်မှုတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

သောကြာနေ့က အကြီးစား ဆန္ဒပြပွဲမှာ လူအင်အား ၅၂၅၀၀၀ ကျော် ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်က မအောင်မမြင်ဖြစ်ခဲ့တဲ့ ကက်တလန်ဒေသ လွတ်လပ်ရေး ကြေညာမှုနဲ့ တားမြစ်ထားတဲ့ ဆန္ဒခံယူပွဲ ကျင်းပခြင်းကြောင့် ခွဲထွက်ရေးခေါင်းဆောင် ကိုးဦးကို အထူးတရားရုံးချုပ်က ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ခုလို ဆန္ဒပြပွဲကြီး ဖြစ်ပေါ်လာခဲ့တာပါ။

ဒါပေမယ့် ဆန္ဒပြသူ တော်တော်များများက ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြကြပေမယ့် လူငယ်ဆန္ဒပြသူတွေက ကားတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တာကြောင့် ရဲက မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲဖြိုခွင်းခဲ့တာပဲ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly