Coca-Cola သီတင်းကျွတ် ရန်ပုံငွေ ဂီတပွဲတော် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်မည်

Coca-Cola သီတင်းကျွတ် ရန်ပုံငွေ ဂီတပွဲတော် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၇ ။        ။ Coca-Cola Myanmar ၏ Coca-Cola သီတင်းကျွတ် ရန်ပုံငွေ ဂီတပွဲတော်ကို အောက်တိုဘာ ၂၄ရက်တွင် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပမည်ဖြစ် သည်။

Coca-Cola Myanmar မှ ရေဘေးသင့် ပြန်လည် ထူထောင်ရေးအတွက် Network Activities Group နှင့် ပူးပေါင်းပြီး ဖျော်ဖြေပွဲကို ပြုလုပ်ခြင်းဖြစ်သည်။

ပါဝင် ဖျော်ဖြေကြမည့် အဆိုတော်များအနေဖြင့် ချစ်ကောင်း၊ မာရဇ္ဇ၊ ဖိုးကာ၊ ဂျက်ဆန်ထွန်း၊ အောင်ထက် ၊ ချမ်းချမ်း၊ အိမ့်ချစ်၊ မိစန္ဒီ၊ ချစ်သုဝေ၊ ဝိုင်းစုခိုင်သိန်း ၊ မိစန္ဒီတို့က ဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်သည်။

Coca-Cola အမှတ်တံဆိပ် သံတမန် တစ်ဦး ဖြစ်သည့် အဆိုတော် အိမ့်ချစ် မှ "ဂါရဝလက်ဆောင်" သီချင်းကို အောက်တိုဘာ (၂၄) ရက်တွင် ကျင်းပမည့် Coca-Cola သီတင်းကျွတ် ရန်ပုံငွေ ဂီတပွဲတော်၌ ဦးချစ်ကောင်း နှင့်အတူ သီဆို ဖျော်ဖြေမည် ဖြစ်သည်။

ဖျော်ဖြေပွဲမှ လက်ခံ ရရှိသည့် အလှူငွေ အားလုံးကို Network Activities Group သို့ လှူဒါန်းပြီး ရေဘေးသင့် ဒေသများ ပြန်လည် ထူထောင်ရေး လုပ်ငန်း အတွက် ရေရှည်အနေဖြင့် လုပ်ကိုင်သွားမည် ဖြစ်သည်။

Coca-Cola ရန်ပုံငွေ ဂီတပွဲတော်ကို စက်တင်ဘာလ ၁၉ရက်တွင် မြိတ်မြို့၌ စိုင်းစိုင်း၊ ဘန်နီဖြိုး၊ အိမ့်ချစ်၊ မိစန္ဒီ တို့ဖြင့် ပြုလုပ်ခဲ့သလို အောက်တိုဘာ ၃ရက်တွင် ရွှေဘိုမြို့၌ Coca-Cola ရန်ပုံငွေ ဂီတပွဲတော်ကို ကျင်းပ ပြုလုပ်ခဲ့ပြီး ထိုပွဲများမှ ရရှိသည့် လက်မှတ် ရောင်းရငွေ အားလုံးကို Pact Myanmar နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အဖွဲ့တို့ကို လှုဒါန်းခဲ့သည်။

ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကျင်းပမည့် Coca-Cola သီတင်းကျွတ် ရန်ပုံငွေ ဂီတပွဲတော် ကို လက်မှတ်များကို တစ်စောင်လျှင် လေးထောင်ကျပ် သတ်မှတ်ထားပြီး လက်မှတ်များကို City Mart ဆိုင်တိုင်းတွင် ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly