ရေစကြိုမြို့တွင် ဆိုင်ကယ်အစီးတစ်ရာကျော်၊ မော်တော်ယာဉ် (၇)စီးနှင့်အတူ လောင်းကစားဝိုင်း တစ်ခု ဖမ်းမိ

ရေစကြိုမြို့တွင် ဆိုင်ကယ်အစီးတစ်ရာကျော်၊ မော်တော်ယာဉ် (၇)စီးနှင့်အတူ လောင်းကစားဝိုင်း တစ်ခု ဖမ်းမိ

မကွေး၊အောက်တိုဘာ ၁၈။            ။ ရေစကြိုမြို့နယ်၊ ဖူလုံအုပ်စု၊ ဖူလုံကျေးရွာတွင် အောက်တိုဘာလ ၁၈ရက် နေ့လယ် ၂နာရီခန့်က လောင်းကစားဝိုင်းတစ်ခုကို ဆိုင်ကယ်အစီးတစ်ရာကျော်၊ မော်တော်ယာဉ် (၇)စီးနှင့် အတူဖမ်းမိ ခဲ့ကြောင်း ကနဦးသိရသည်။

“လောင်းကစားဝိုင်းဖမ်းမိတာ ဟုတ်ပါတယ်။ အခုစစ်ဆေးဆောင်ရွက်နေဆဲပါ” ဟု ရေစကြိုမြို့နယ် ရဲတပ်ဖွဲမှူးရဲမှူးနိင်ဝင်းက ပြောသည်။

အဆိုပါလောင်းကစားဝိုင်းကို ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့်တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖမ်းဆီးရမိရာတွင် လောင်းကစားနေသူ (၁၄) ဦး၊ လောင်းကစားငွေ ကျပ်ဆယ်သိန်းကျော် ၊ဆိုင်ကယ် (၁၀၆) စီး ၊ မော်တော်ယာဉ်(၇) စီးတို့ကို ဖမ်းဆီးရမိကြောင်း ကနဦးသိရသည်။

“ဒီနယ်မှာ လောင်းကစားတွေ အမြဲလုပ်နေတယ်၊ ဖမ်းဆီးမိခြင်းမရှိဘူး။ ဒါကြောင့် ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ တိုင်းရဲကဆင်းဖမ်းတော့ မိတာပေါ့။ ဒီဒေသအခေါ်ပြောရရင် အာဝါဒေး လောင်း ကစားပေါ့။ လောလောဆယ် ငါးဝိုင်းဖမ်းမိတယ်လို့ကြားသိရပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါလောင်းကစားဝိုင်းများ ကျေးလက်ဒေသအထိ ပျံ့နှံ့လာမှုအတွက် ဒေသခံတောင်သူများက စိုးရိမ်မှုတချို့ရှိနေပြီး လောင်းကစားဝိုင်းများကို တိုင်းအဆင့်ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးမှသာ မိသည့် အပေါ်တွင်လည်း နယ်မြေခံရဲတပ်ဖွဲ့အပေါ် မေးခွန်းထုတ်မှုများရှိနေခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly