မူးယစ်ဆေးဝါးအပေါ် မှီခိုမှုကြောင့် ရုန်းကန်ရတဲ့ဇာတ်ကြောင်းတွေ ပြောပြထားတဲ့ သီချင်းတစ်ပုဒ်

မူးယစ်ဆေးဝါးအပေါ် မှီခိုမှုကြောင့် ရုန်းကန်ရတဲ့ဇာတ်ကြောင်းတွေ ပြောပြထားတဲ့ သီချင်းတစ်ပုဒ်
Photo: 528 Love - မူးယစ်ဆေးနှင့်မိသားစု

မူးယစ်ဆေးဝါးအပေါ် မှီခိုမှုကြောင့် လူမှုအသိုက်အဝန်းများ ရင်ဆိုင်ရုန်းကန်ရတဲ့ ဇာတ်ကြောင်းတွေကို ပြောပြထားတဲ့ တေးသီချင်းတစ်ပုဒ်ကို အမေရိကန်သံရုံးက Full Stop လူမှုအဖွဲ့အစည်း၊ မြန်မာအနုပညာရှင် (၁၂)ဦးတို့နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသီချင်းကို "မျှော်လင့်ချက်တို့ အဆုံးမသတ်နဲ့" အမည်ပေးထားပြီး မြန်မာနိုင်ငံအတွင်း ပိုမိုကျန်းမာတဲ့ လူမှုအသိုက်အဝန်းများဖြစ်ပေါ်စေေရး ကူညီဆောင်ရွက်နေတဲ့ လူမှုကွန်ရက် လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ၅၂၈-မူးယစ်ဆေးနဲ့ မိသားစုအဖွဲ့က မြှင့်တင်ပေးတာဖြစ်ပါတယ်။

သူငယ်ချင်းတစ်ဦး မူးယစ်ဆေးစွဲမှုကြောင့် ဒုက္ခရောက်ရပြီး မူးယစ်ဆေးစွဲမှုမှ ပြန်လည်ရုန်းထွက်နိုင်ဖို့ ၎င်းတို့က အားပေးကူညီကြတဲ့ အကြောင်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။

မိသားစုများနဲ့ သူငယ်ချင်းများရဲ့ ပံ့ပိုးကူညီမှုဟာ ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့ မက်ဆေ့ချ်လည်းဖြစ်ပါတယ်။

ဒီသီချင်းကို မြန်မာအနုပညာရှင်များဖြစ်ကြတဲ့ R-ဇာနည်၊ G Latt/NC13 Band၊ ဝေလ၊ အောင်လ (Reason)၊ အောင်ထက်၊ အားတီ၊ X-BOXIN၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ကေကေမိုးနဲ့ Jewel ydno တို့က ပူးပေါင်းပါဝင် ကူညီသီဆိုပေးထားတယ်လို့ သိရပါတယ်။

"မျှော်လင့်ချက်တို့ အဆုံးမသတ်နဲ့" သီချင်းရဲ့ အသံဖိုင်နဲ့ ဗွီဒီယိုဖိုင်ကို https://tinyurl.com/DGVUH0PE မှတစ်ဆင့် မည်သူမဆိုဒေါင်းလုတ်ရယူနိုင်ပါတယ်။

၅၂၈-မူးယစ်ဆေးနဲ့ မိသားစုအဖွဲ့ဟာ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီကတစ်ဆင့် အမေရိကန်သမ္မတရဲ့ အေအိုင်ဒီအက်စ်ရောဂါကယ်ဆယ်ရေး အရေးပေါ်စီမံကိန်းက ကူညီပံ့ပိုးပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly