လီဗာပူးလ်နှင့်အတူ ဂျာဂင်ကလော့ပ် ပရီးမီးယားလိဂ်ဖလား ရရှိလိမ့်မည်ဟု ဟမ်မဲလ် ပြော

လီဗာပူးလ်နှင့်အတူ ဂျာဂင်ကလော့ပ် ပရီးမီးယားလိဂ်ဖလား ရရှိလိမ့်မည်ဟု ဟမ်မဲလ် ပြော

ဒေါ့တ်မွန်၊ အောက်တိုဘာ ၁၇ ။           ။ ဒေ့ါတ်မွန်အသင်း၏ အသင်းခေါင်းဆောင် ဟမ်မဲလ်က ဂျာဂင်ကလော့ပ်အနေဖြင့် လီဗာပူးလ်နှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်လိမ့်မည် ဟု   ပြောဆိုလိုက်သည်။

လီဗာပူးလ်အသင်းမှာ ၁၉၉၀ ခုနှစ်ကတည်းက အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြင်း မရှိခဲ့သည့် အသင်းဖြစ်သော်လည်း ဟမ်မဲလ်က ၎င်းတို့ဒေါ့တ်မွန်အသင်း၏ နည်းပြဟောင်းအနေဖြင့် ကြိုးကြာနီများအတွက် ပရီးမီးယားလိဂ်ဖလားကို ရယူပေးနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိသည်။

'ပရီးမီးယားလိဂ်ဖလားကို ဂျာဂင်ကလော့ပ်ရယူနိုင်လိ့မ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ရရှိဖို့ များပြားတဲ့ငွေကြေးသုံးစွဲမှုနဲ့ နာမည်ကြီးကစားသမားတွေ   ခေါ်ယူနိုင်ဖို့ မလိုဘူးဆိုတာကို သူပြသခဲ့ပြီးပါပြီ။

အင်္ဂလန်အသင်းတွေက ကစားသမားသစ်တွေ ဝယ်ယူဖို့ ငွေကြေးအများအပြားသုံးစွဲကြပါတယ်။ ကောင်းပါပြီ။ ဒါပေမဲ့ ကလော့ပ်ဟာ ဘယ်လိုယှဉ်ပြိုင် အနိုင်ယူရမလဲ ဆိုတာကို   ကောင်းကောင်း သိတဲ့အကြောင်း ဒေါ့တ်မွန်မှာ ပြသခဲ့ပြီးပါပြီ။

ချက်ချင်းတော့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်မှာ မဟုတ်ပေမယ့် အနာဂတ်မှာ ဖြစ်လာပါလိ့မ်မယ်။ ဒါကို သူလုပ်နိုင်မယ်လို့ ကျွန်တော်အသေအချာပြောရဲပါတယ်။

မန်ယူ၊ မန်စီးတီး၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကို စိန်ခေါ်ရမှာ ဖြစ်ပေမယ့် ဒါကို သူလုပ်နိုင်ပါလိ့မ်မယ်' ဟု ဟမ်မဲလ်က ပြောသည်။

ဂျာဂင်ကလော့ပ်သည် ဒေါ့တ်မွန်အသင်းကို နည်းပြခဲ့သည့် ၇ နှစ်တာ ကာလအတွင်း ဘွန်ဒက်စ်လီဂါဖလားနှစ်လုံးရရှိခဲ့ပြီး ၂၀၁၂-၁၃ ရာသီက ချန်ပီယံလိဂ်တွင် ဒုတိယ ရရှိခဲ့သည်။

Ref ;  ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly