ဖိလစ်ပိုင်မှာ ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်ပြီး မီးလောင်မှု ဖြစ်ပွား

ဖိလစ်ပိုင်မှာ ပြင်းအား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်ပြီး မီးလောင်မှု ဖြစ်ပွား

အောက်တိုဘာ ၁၇ ။         ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ယမန်နေ့ အောက်တိုဘာ ၁၆ ရက်က ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ အားပြင်း ငလျင်တစ်ခု လှုပ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ယင်း ငလျင်လှုပ်ပြီးနောက် စျေးဝယ်စင်တာတစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ငလျင်ကြောင့် နေအိမ် အဆောက်အအုံတွေ ပြိုကျခဲ့သလို လျှပ်စစ် ဓာတ်အားတွေလည်း ပြတ်တောက်ခဲ့ရပါတယ်။

ဂျင်နရယ် ဆန်းတို့စ်မြို့မှာ ယင်းငလျင် လှုပ်ပြီးနောက် ယင်းမြို့က စျေးဝယ်စင်တာတစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ငလျင်ကြောင့် မင်ဒါနာအို ပြည်နယ်တစ်ခွင်မှာ ဒေသခံတွေဟာ နေအိမ်၊ အဆောက်အအုံတွေကို စွန့်ခွာပြီး ဘေးလွတ်ရာ အားချင်းထွက်ပြေးခဲ့ကြရပါတယ်။

ငလျင်ကြောင့် ကလေးငယ်တစ်ဦး အဆောက်အအုံနံရံ ပြိုကျမှုကြောင့် သေဆုံးသွားကြောင်း၊ အခြား လူသုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ယင်းငလျင်ကတော့ အနက် ၁၄ ကီလိုမီတာကို ဗဟိုပြု လှုပ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဘူမိလေ့လာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly