GovInsider Magazine က ပေးအပ်သည့် Rising Star Award ကို မန္တလေးစည်ပင်ရရှိ"

GovInsider Magazine က ပေးအပ်သည့် Rising Star Award ကို မန္တလေးစည်ပင်ရရှိ"

မန္တလေး အောက်တိုဘာ ၁၆ ။      ။ အာဆီယံဒေသတွင်းရှိ အစိုးရများ၏ ပြုပြင်ပြောင်းလဲတီထွင်ဆန်းသစ်မှုများကို အစီရင်ခံရေးသားသည့် စင်္ကာပူနိုင်ငံအခြေစိုက် GovInsider Magazine က ၂၀၁၉ခုနှစ်အတွက် ပေးအပ်သည့် Rising Star Award ကို အောက်တိုဘာလ ၁၆ ရက်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ရရှိခဲ့သည်။

အဆိုပါဆုကို International Panel of Judges များက အကဲဖြတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ထိုင်းနိုင်ငံ UN Conference Centre ၌ ကျင်းပခဲ့ကြောင်းသိရသည်။

"မြို့သူ မြို့သားများရဲ့ လူနေထိုင်မှုဘဝ ပိုမိုတိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများကို မျက်ဝါးထင်ထင် ဆောင်ရွက်နိုင်ခဲ့သော အစိုးရ/ဌာနဆိုင်ရာ အဖွဲ့အစည်းများကို Rising Star Award ချီးမြှင့်ခြင်းဖြစ်ပါတယ်။
ဆုရရှိသည့် အစိုးရအဖွဲ့အစည်းများသည် ဆန်းသစ်တီထွင်မှုများ၊ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ကြလို့ ဆုပေးအပ်တာပါ။"ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။

အဆိုပါဆုသည် မြို့အားဖွံ့ဖြိုးတိုးတက်အောင်ေဆာင်ရွက်ရာတွင် သမာရိုးကျမဟုတ်သည့် လမ်းကြောင်းသစ်၊ စနစ်သစ်များဖြင့် အကောင် အထည်ဖော်နိုင်ခြင်းနှင့်ဝန်ထမ်းများ၊ မြို့သူမြို့သားများ၏ စိတ်ဓာတ်ရှင်သန်နိုးကြားစေနိုင်အောင် ဆောင်ရွက်ခဲ့ခြင်း တို့အပေါ်အခြေခံ၍ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့်၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွက် Top 10 ASEAN Smart Cities မှာအမှတ်စဉ် ၅တွင် ရပ်တည်နေခြင်း၊ ASEAN Public Toilet Award 2019-2021 ၊၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု။ASOCIO Smart City Award 2019 ဆုတို့ကို ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly