မန္တလေးကျွဲဆည်ကန် ကားကြီးကွင်း မကြာခင်ပြောင်းရွှေ့မည်

မန္တလေးကျွဲဆည်ကန် ကားကြီးကွင်း မကြာခင်ပြောင်းရွှေ့မည်

မန္တလေး၊ အောက်တိုဘာ ၁၇ ။          ။ မန္တလေးမြို့ရှိ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်ကားကြီးကွင်း) ရွှေ့ပြောင်းရန်အတွက် ယာယီကားကြီး ကွင်းတည်ဆောက်နေမှုမှာ ၉၅ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီြဖစ်၍ မကြာခင် ရွှေ့ပြောင်းမှုများ ပြုလုပ် သွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က မဇ္ဈိမကို ပြောသည်။

"ချမ်းမြရွှေပြည်(ကျွဲဆည်ကန်ကားကြီးကွင်း) မကြာခင်ရွှေ့ပြောင်းဖို့ရှိပါတယ်။အခုယာယီ ကားကြီး ကွင်း တည်ဆောက်နေတာဆိုရင် အခု ၉၅ ရာခိုင်နှုန်းကျော်ပြီးသွားပါပြီ။ ကျန်တဲ့အချက်အလက်တွေ ကိုလည်း လိုအပ်ချက်လေးတွေကို ကျွန်တော်တို့ ကွင်းဆင်စစ်ဆေးပြီးတော့ ညွှန်ကြားဆောင်ရွက် နေပါတယ်။ အဲဒီတော့ ဒီလထဲမှာပဲ ကျွဲဆည်ကန် ယာယီကားကြီးကွင်းက တည်ဆောက်မှုက လုံးဝ ပြီးစီးသွားမှာပဲ ဖြစ်ပါတယ်။"ဟု ဦးရဲမွန်ကပြောသည်။

ကျွဲဆည်ကန်ကားကြီးကွင်းမှ ယာယီကားကွင်းသို့ ရွှေ့ပြောင်းရန် ဂိတ်ခန်းပိုင်ရှင်များ ကားလိုင်း အသင်းများယာဉ်ပိုင်ရှင်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှုမှာလည်း နောက်ဆုံး အဆင့်သို့ ရောက်ရှိ နေပြီဟု သိရသည်။

"သူတို့အနေနဲ့လည်း ဒီအပေါ်မှာ ကျွန်တော်တို့က သူတို့ကို ယာယီကားကြီးကွင်းကို လိုက်ပြီး ပြသ ပါမယ်။ဘယ်နေရာမှာ ကားပါကင်ထိုးဖို့ စီစဉ်ထားတယ်။ဘယ်နေရာမှာ တက္ကစီတွေအတွက် စီစဉ် ထားတယ်။ နောက် ဘယ်နေရာမှာ ကုန်ပစ္စည်းတွေ သိုလှောင်ဖို့ စီစဉ်ထားတယ်။ဘယ်နေရာမှာ ဂိတ် အခန်းတွေအတွက် စီစဉ်ထားတယ်။ဘယ်နေရာတော့ စားသောက်ကုန်ဆိုင်တွေအတွက် စီစဉ်ထား တယ်။ ဒါတွေကိုလိုက်လံ ပြသမှာ ဖြစ်ပါတယ်။ပြသပြီးတော့ ဒီလိုရွှေ့ပြောင်းတဲ့အချိန်မှာ အားလုံးစိတ် ချမ်းချမ်းသာသာနဲ့ ရွှေ့ပြောင်းနိုင်အောင် ကျွန်တော်တို့ ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။"ဟု ဦးရဲမွန်က ပြောသည်။

ထိုသို့ ရွှေ့ပြောင်းမှုများဆောင်ရွက်ရာတွင် စနစ်တကျရွှေ့ပြောင်းနိုင်ရန်အတွက် မဲနှိုက်နေရာချထား မည့် အစီအစဉ်ကိုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးေကာ်မတီမှ စီစဉ်ဆောင်ရွက်ထား ကြောင်း သိရသည်။

“ကျွန်တော်တို့ လက်ရှိကားကွင်းနဲ့ယာယီ ကားကွင်းက အားလုံးသိတဲ့အတိုင်း နီးနီးလေးပါ။ မလှမ်း မကမ်းမှာပဲ ရှိပါတယ်။ ဒီနေရာမှာဆိုလည်း ကျွန်တော်တို့ ခရီးသည်တွေအတွက် ဒါ သက်သောင့် သက်သာ ဖြစ်နိုင်အောင်လို့ စီစဉ်ထားပါတယ်။”ဟု ဦးရဲမွန်ကပြောသည်။

ထို့အပြင် ကားဝင်းရွှေ့ပြောင်းချိန်တွင် ယာဉ်ကြောကြပ်တည်းမှုများ မဖြစ်အောင် စီစဉ်ထားကြောင်း မူလကားကွင်းတွင် ဆိုက်ရောက်/ထွက်ခွာ ခွဲခြားထားခြင်းမရှိသော်လည်း ယာယီကားကွင်းအသစ် တွင် ဆိုက်ရောက်ထွက်ခွာ သတ်မှတ်ထားကြောင်း ယာယီ ကားကြီးကွင်းသို့ ရွှေ့ပြောင်းရာတွင် လိုအပ်သည့် အကူအညီများကို မန္တလေးမြို့တော်စည်ပင်သာရေးကော်မတီမှ ပေးသွားမည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly