ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ၁၂ ဘီးယာဉ်တိမ်းမှောက်

ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် ၁၂ ဘီးယာဉ်တိမ်းမှောက်
ဓာတ္ပံု - Myanmar Fire Services Department

ရန်ကုန်၊ အောက်တိုဘာ ၁၆။        ။ ပြင်ဦးလွင်မြို့နယ်၊ (၂၁)မိုင်ကျေးရွာ၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် အောက်တိုဘာလ ၁၆ရက် နံနက် ၁၀နာရီခန့်က ၁၂ဘီးယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ (၂၁)မိုင်ကျေးရွာ၊ ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် မူဆယ်မှ ရန်ကုန်သို့ မောင်းနှင်လာသော Nissan UD(ဖြူနီကြားအရောင်)အမျိုးအစား (၁၂)ဘီးယာဉ်သည် ပြင်ဦးလွင်-မန္တလေးအဆင်းလမ်းတွင် လမ်းဘယ်ဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခြဲ့ခင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းဖြစ်သူမှာ သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက်ဖြစ်သူမှာ မစိုးရိမ် ရသော ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပုသိမ်ကြီးမြို့နယ် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် မန္တလေးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သို့ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဗဟို မီးသတ် သင်တန်းကျောင်းမှ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ြဖင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း  မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly