မလေးရှားနိုင်ငံသားငါးဦးလျှင် လေးဦးနီးပါးက နာဂျစ်အစိုးရကို နှစ်သက်မှုမရှိတော့

မလေးရှားနိုင်ငံသားငါးဦးလျှင် လေးဦးနီးပါးက နာဂျစ်အစိုးရကို နှစ်သက်မှုမရှိတော့

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၇ ။               ။ လွတ်လပ်သော စစ်တမ်းတစ်ခုအရ မလေးရှားလူမျိုးငါးဦးလျှင် လေးဦးနီးပါးက ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ အစိုးရကို နှစ်သက်မှုမရှိတော့ကြောင်း သိရသည်။ ယင်းသို့ မနှစ်သက်မှုက အာဏာရ Umno ပါတီ၏ အမာခံမလေးလူမျိုးအများစုကြားမှာပင် ပြန့်နှံလျက်ရှိသည်ဆိုသည်။

လေးစားခံရသည့် စစ်တမ်းကောက်သူ Merdeka Centre က စစ်တမ်းကောက်ယူမှုရလဒ်များနှင့် ပတ်သက်၍ ဘဏ္ဍာရေးကဏ္ဍလေ့လာသူများကို အသိပေးခဲ့ပြီး အစိုးရအပေါ်မကျေနပ်ချက်မှာ အများအားဖြင့် စီးပွားရေးကိုင်တွယ်မှုမှားယွင်းမှုကြောင့်ဟု ပြောကြားခဲ့သည်။

အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက မလေးရှားငွေရင်းဂစ်တန်ဘိုးမှာ ၂၀ ရာခိုင်နှုန်းခန့် ထိုးကျခဲ့ပြီး ယခုနှစ်အတွင်း အာရှတွင် ငွေစက္ကူအပေါ်ကိုင်တွယ်ဆောင်ရွက်မှုမှာ အဆိုးဆုံးဖြစ်ခဲ့သည်။

ရေနံအခြေပြုဝင်ငွေမှာ ကျဆင်းမည်ဟု မျှော်လင့်ရသဖြင့် အသုံးစရိတ်လျှော့ချနေရစဉ် တစ်နှစ်အတွင်း စီးပွားရေးတိုးတက်မှုမှာလည်း ကျဆင်းခဲ့သည်။

မလေးရှားကျွန်းဆွယ်တစ်ဝန်း သြဂုတ်လက ကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုတွင် စီးပွားရေးအပေါ်အစိုးရ၏ကိုင်တွယ်မှုကို ကျေနပ်မှုရှိသည်ဟု ဖြေကြားသူ ၁၇ ရာခိုင်နှုန်းသာ ရှိပြီး ၇၈ရာခိုင်နှုန်းက ကျေနပ်မှုမရှိခဲ့ပေ။

လူနေမှုစရိတ်၊ အလုပ်လက်မဲ့ဖြစ်မှုကဲ့သို့ ပြသနာများနှင့် ဧပြီလက အထွေထွေစားသုံးမှုအပေါ်စည်းကျပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်ခွန်များ၏ သက်ရောက်မှုက မကျေနပ်မှုစာရင်းတွင် ထိပ်တန်းသို့ရောက်ရှိခဲ့သည်။

"နောက်ထပ်ထောက်ပံ့မှုတွေ ရုပ်သိမ်းမယ်ဆိုရင်တော့ ဒီလိုမကျေနပ်မှုတွေဟာ ၂၀၁၆အထိရှိနေမည်လို့ ကျွန်တော်တို့ယူဆပါတယ်။ အလုပ်လက်မဲ့ဖြစ်မှုကို ကိုင်တွယ်ခြင်းဟာ ၂၀၁၆မှာ စိန်ခေါ်မဲ့ပြဿနာတစ်ခုဖြစ်နိုင်ပါတယ်"ဟု စင်ကာပူအခြေစိုက် UOB Kay Hian ၏ သုတေသနအကြီးအကဲ ဗင့်ဆင့်ခူးက အောက်တိုဘာ ၁၅တွင် ပြောကြားခဲ့သည်။

ဗဟိုအစိုးရက နှစ်စဉ် အသစ်ဘွဲ့ရ ၆၀,၀၀၀ကိုငှားရမ်းလေ့ရှိခဲ့မှု၊ ဘဏ်အများအပြားက ဆက်လက်၍အရွယ်အစားသေးလာမှုနှင့် အလတ်စားနှင့် အသေးစားလုပ်ငန်းများကြောင့် အလုပ်အကိုင်ရရှိမှုကို ထိခိုက်နိုင်ကြောင်းလည်း ၎င်းကပြောကြားသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly