"ကျောက်ဆည်မြို့တွင် စည်းကမ်းပျက်ယာဉ်များ စစ်ဆေးရာမှ ဘိန်းမဲများ ဖမ်းဆီးရမိ"

"ကျောက်ဆည်မြို့တွင် စည်းကမ်းပျက်ယာဉ်များ စစ်ဆေးရာမှ ဘိန်းမဲများ ဖမ်းဆီးရမိ"

မန္တလေး၊ အောက်တိုဘာ ၁၆။         ။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ကျောက်ဆည်မြို့မန္တလေး-ရန်ကုန်လမ်း ကြက်မင်းတွန်းရပ်ကွက် မီးပွိုင့်အနီးတွင် အောက်တိုဘာလ ၁၆ ရက် နံနက် ၉ နာရီက စည်းကမ်းပျက်ယာဉ်များကို စစ်ဆေးနေစဉ် နံပါတ်တပ်ဆင်ထားခြင်း မရှိသည့် ဆိုင်ကယ်ပေါ်မှ ဘိန်းမဲများ ဖမ်းဆီးရမိကြောင်းသိရသည်။

 

ကြက်မင်းတွန် မီးပွိုင့်အနီးတွင် စည်းကမ်းပျက်ယာဉ်များစစ်ဆေးေနစဉ် ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း တောင်မှမြောက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသည့် KENBO 125(R) နီ/နက်အရောင် ဆိုင်ကယ်အား နံပါတ်တပ်ဆင်ထားခြင်းမရှိသည့် အတွက် တားဆီး စစ်ဆေးခဲ့သည်။

 

အဆိုပါ နံပါတ်မပါသည့် ဆိုင်ကယ်မောင်းနှင်လာသူမှာ ဗန်းမောက်မြို့နယ် နောင်လုံကျေးရွာတွင်နေထိုင်သော ဦးစိန်ဖေ ၅၃ နှစ် (ဘ) ဦးဘဝင်း ဖြစ်ပြီး ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ်ဂွကြားမှ အဖြူရောင် ပီနံ အိတ်အား မသင်္ကာ၍ စစ်ဆေးရာ ဘိန်းမဲဟုယူဆရသည့် အဝါရောင်တိတ်ဖြင့် ပါတ်ထားသော အထုပ်(၃) ထုပ်၊ ပလတ်စတစ် အကြည်ရောင်ဖြင့်ထုပ်ထားသည့် အထုပ်(၁) ထုပ်၊ ဂျပ်ပုံးအတွင်းမှ အဝါရောင်တိတ်ဖြင့် ပါတ်ထားသည့် အထုပ်(၁၀) ထုပ်၊ ဂျပ်ပုံးအတွင်းမှ အဝါရောင်တိတ်ဖြင့် ပါတ်ထားသော အထုပ်(၉) ထုပ်၊ စုစုပေါင်း အထုပ် (၂၃)ထုပ် စုစုပေါင်း အလေးချိန်၂၉.၉ ကီလိုဂရမ် (စုစုပေါင်း တန်ဖိုး ၄၄၈၅၀၀၀၀ ကျပ်)ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဖမ်းဆီးရမိခဲ့သူ ဦးစိန်ဖေအား ကျာက်ဆည်မြို့မရဲစခန်းတွင် မယ(ပ) ၄၃/၂၀၁၉ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသောပုဒ်မ-၁၉(က) ဖြင့် ဖမ်းဆီး အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly