ကင်မ်ဂျုံအန်း မြင်းစီးပြီး တောင်တက်ခဲ့တဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား ထုတ်ဖော်ပြသ

ကင်မ်ဂျုံအန်း မြင်းစီးပြီး တောင်တက်ခဲ့တဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား ထုတ်ဖော်ပြသ

အောက်တိုဘာ ၁၆ ။          ။မြောက်ကိုရီးယားမှာ အထွတ်အမြတ်ထားတဲ့ တောင်ထိပ်တစ်ခုပေါ်ကို ခေါင်းဆောင် ကင်မ်ဂျုံအန်း မြင်းဖြူတစ်ကောင်ကို စီးပြီး တက်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

မြောက်ကိုရီးယား ပြည်သူတွေရဲ့ အထွတ်အမြတ် တောင်တစ်ခုဖြစ်တဲ့ Mount Paektu တောင်ထိပ်ပေါ်ကို ကင်မ်ဂျုံအန်း တက်ခဲ့တဲ့ ဓာတ်ပုံတွေကို KCNA သတင်းဌာနက ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။

ယင်းဓာတ်ပုံတွေထဲမှာတော့ ကင်မ်ဟာ ဆောင်းတွင်းကာလ နှင်းတွေ ဖုံးလွှမ်းနေတဲ့ Paektu တောင်ပေါ်မှာ မြင်းဖြူစီးပြီး သွားနေခဲ့တဲ့ ပုံတွေ ပါဝင်ခဲ့ပါတယ်။

ခုလို မြင်းဖြူစီးပြီး တောင်တက်တဲ့ ပုံတွေကို ထုတ်လွှင့်တာကတော့ ခေါင်းဆောင် ကင်မ်အနေနဲ့ မကြာမီကာလအတွင်း အဓိကကျတဲ့ မူဝါဒရေးရာ ကြေညာချက်တစ်ခု ပြုလုပ်လာကောင်း ပြုလုပ်လာနိုင်တယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေလျက်ရှိပါတယ်။

ခုလို တောင်တက်ခြင်းဟာ နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားအတွက် မူဝါဒသစ် ဦးတည်ချက်တစ်ခုကို အချက်ပြကောင်းပြလာနိုင်တယ်လို့  လေ့လာသူတွေက သုံးသပ်နေကြလျက်ရှိပါတယ်။

ကင်မ်အနေနဲ့ ၂၀၁၇ ဒီဇင်ဘာတုန်းကလည်း ယင်းတောင်ပေါ် တက်ခဲ့ပြီး ယင်းနောက်ပိုင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပထမဆုံး တွေ့ဆုံမှုကို ဖြစ်ပေါ်စေခဲ့တဲ့ သံတမန်ချဉ်းကပ်မှုတစ်ခုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly